
ကနေဒါနိုင်ငံရေးမှာ ပြင်ပစွက်ဖက်မှုတွေ မလုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောမယ်လို့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ပြောပါတယ်။
ကာနေးဟာ နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ပြုလုပ်မဲ့ APEC ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး ရှီနဲ့ အစည်းအဝေးပြင်ပ သီးသန့်တွေ့ဆုံမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကနေဒါကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ နိုင်ငံတခုဖြစ်ကြောင်းနဲ့ တခြားနိုင်ငံအရေးတွေကို လေးစားသင့်တယ်လို့ ကာနေးက ၂၀၂၅ ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း ကနေဒါသူလျှိုအေဂျင်စီရဲ့ စစ်ဆေးမှုအရ တရုတ်နိုင်ငံဟာ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွေမှာ ဝင်စွက်ဖက်မှုတွေ ရှိတယ်လို့ တွေ့ရပါတယ်။
“ရှီနဲ့တွေ့မဲ့ တွေ့ဆုံမှုဟာ တိုက်ရိုက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီတွေ့ဆုံမှုမှာ ကျနော်က တခြားနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ ကနေဒါနိုင်ငံအရေးကို ဝင်မစွက်ဖက်ဖို့ ပြောမှာပါ” လို့ ကာနေးက သတင်းထောက်တွေကို ပြောပါတယ်။
ကနေဒါရဲ့ ပြည်တွင်းရေးကိစ္စတွေကို စွက်ဖက်တာမျိုး မရှိဘူးလို့ တရုတ်နိုင်ငံက ဟိုးအရင်ကတည်း က ငြင်းဆိုခဲ့ဖူးပါတယ်။
အမေရိကန်နိုင်ငံအပေါ် စီးပွားရေးမှီခိုနေရမှု လျော့ကျလာပြီးနောက် ကနေဒါဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ပိုပြီးလုပ်ဖို့ ကြိုးစားလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံနဲ့ ကနေဒါတို့ဟာ ကာလရှည်ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း ကာနေး တရုတ်နိုင်ငံကို လာတုန်းက ကနေဒါစိုက်ပျိုးရေးထုတ်ကုန် တွေကို ရပ်ဆိုင်းခဲ့ဖူးပါတယ်။
Source: Reuters











