DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် အန်အယ်လ်ဒီပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ(ဓာတ်ပုံ)
DVB
·
June 23, 2018
ဒုတိယအကြိမ် အန်အယ်လ်ဒီပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ(ဓာတ်ပုံ)
1 / 6
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ပါတီညီလာခံကို ဇွန်လ ၂၃ ရက်ကနေ ၂၄ ရက် အထိ နှစ်ရက်ကြာ ရန်ကုန်မြို့ MCC ခန်းမမှာပြုလုပ်နေပါတယ်။

ဒီညီလာခံကိုတော့ ကိုယ်စားလှယ် ၁ ထောင်ကျော်လောက်အထိ တက်ရောက်မယ်လို့ ကျင်းပရေးကော်မတီက ပြောဆိုထားပြီး အန်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်တဲ့အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံမှာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်မူဝါဒတွေနဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေကိုလည်း တိုးချဲ့သွားမှာပါ။

ပါတီဝင် သက်တမ်း သုံးနှစ်ပြည့် ပြီးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၀န်ကြီးတွေ၊ ပထမ ဗဟို ကော်မတီ အဖွဲ့ဝင်တွေနဲ့ အရန်ဗဟိုကော်မတီဝင်တွေ တက်ရောက်ရမယ်လို့ ပါတီက ညွှန်ကြားထားပါတယ်။

အန်အယ်လ်ဒီပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၁,၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ - ပြည့်ဘုန်းအောင်၊ စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013