
အာဂျင်တီးနားမှာ ဆန္ဒပြသူတွေကို ရာဘာကျည်တွေ၊ ရေအမြောက်တွေ သုံးပြီး ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပါတယ်။
မြေနဲ့ အဆောက်အအုံဆိုင်ရာဥပဒေ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ အာဂျင်တီးနားပြည်သူတွေက ဗျူနိုအေးရိစ်မြို့တော်ရှိ အမျိုးသားလွှတ်တော်အထိ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
အမျိုးသားလွှတ်တော်မှာတော့ သမ္မတ ဟာဗီယာမီလေ့ရဲ့ မြေနဲ့ အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းကို လွှတ်တော်အမတ်တွေက ဆွေးနွေးနေချိန် ဆန္ဒဖော်ထုတ်ခဲ့တာပါ။
အတိုက်အခံအမတ်ကတော့ ဒီဥပဒေကြမ်းဟာ အများပြည်သူဆန္ဒထက် အဖွဲ့အစည်းတွေရဲ့ အကျိုးအတွက် ဖော်ဆောင်တာဖြစ်လို့ ကန့်ကွက်ထားပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အမိမြေဟာ ရောင်းချဖို့ မဟုတ်ဘူးဆိုတဲ့ စာတမ်းတွေ ကိုင်ဆွဲပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မြေနဲ့ အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မလုပ်ဖို့ သမဂ္ဂအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စစ်ပြန်တွေက ကန့်ကွက်ခဲ့တာပါ။
မြေယာပိုင်ဆိုင်မှုပြောင်းလဲတာက နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရောင်းချဖို့ ကြိုးစားတာလို့ ကန့်ကွက်သူတွေက စွပ်စွဲပါတယ်။
အာဂျင်တီးနား အလုပ်သမားခေါင်းဆောင် ခရုဇ်က ဒီဥပဒေကြမ်းဟာ အာဂျင်တီးနားနိုင်ငံရဲ့ သဘာဝ သယံဇာတတွေကို နိုင်ငံခြားသားတွေနဲ့ လုပ်ငန်းတွေကို လုပ်ပိုင်ခွင့် တရားဝင်ခွင့်ပြုချက် ဖြစ်တယ်လို့ ပြောပါတယ်။
အာဂျင်တီးနားရှိ မြို့တွေမှာ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်မှုတွေက တမြို့လုံးနီးပါးရှိနေပြီလို့လည်း သူက ဆိုပါတယ်။
Source: Reuters










