DVB Logo
Home
နိုင်ငံတကာ
ဟစ်တလာ၏ တောင်ပေါ်စခန်းဟောင်း မီးလောင်
DVB
·
October 24, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဂျာမနီနိုင်ငံ၊ ဘာဗားရီးယားဒေသရှိ အဓိပတိဟောင်း အဒေါ့လ်ဖ်ဟစ်တလာရဲ့ နာမည်ကြီး ကေးလ်စတိုင်းန်ဟောက်စ် တောင်ပေါ်စခန်းမှာ အောက်တိုဘာ ၂၃ ရက်က မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ဂျာမန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့က ရှို့မီး ဖြစ်နိုင်တယ်လို့ မသင်္ကာဖြစ်နေပြီး အမျိုးသားတယောက်ကို ထိန်းသိမ်းထားပေမဲ့ အဲဒီလူဟာ မီးလောင်မှုနဲ့ ပတ်သက်မှု ရှိ/မရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မီးစတင်လောင်ကျွမ်းရတဲ့ အဓိကအကြောင်းအရင်းကိုလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဘာဗားရီးယားတောင်ပိုင်းဒေသ၊ ဘာခ်တက်စ်ဂါဒန် မြို့ပတ်ဝန်းကျင်မှ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ကူညီရေး ဝန်ထမ်း ၂၀၀ လောက်ဟာ မီးလောင်ကျွမ်းနေတာကို ငြှိမ်းသတ်နိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။

"Eagle’s Nest" (လင်းယုန်ငှက်သိုက်) လို့လည်း လူသိများတဲ့ အဲ့ဒီ ကေးလ်စတိုင်းန်ဟောက်စ် အဆောက်အအုံဟာ ဘာခ်တက်စ်ဂါဒန် မြို့အနီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၈၃၀ အမြင့်မှာ တည်ရှိပါတယ်။ 

အဲဒီစခန်းကို နာဇီပါတီက တရားဝင်ပွဲအခမ်းအနားတွေနဲ့ လူမှုရေး အခမ်းအနားတွေ ပြုလုပ်ဖို့ ဆောက်လုပ်ခဲ့တာပါ။ ၁၉၃၈ ခုနှစ်မှာ ဆောက်လုပ်ရေး ပြီးစီးသွားခဲ့ပေမဲ့ ဟစ်တလာ ကိုယ်တိုင်ကတော့ အဲဒီနေရာကို အရောက်နည်းပါးခဲ့ကြောင်း သိရပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013