DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင်ကျင်းပမည့် Miss International 2018 ပြိုင်​ပွဲဝင်မည့် အလှမယ် မေယုခတ္တာ (ဓာတ်ပုံ)
DVB
·
June 14, 2018
ဂျပန်တွင်ကျင်းပမည့်  Miss International 2018 ပြိုင်​ပွဲဝင်မည့် အလှမယ် မေယုခတ္တာ (ဓာတ်ပုံ)
Donate to DVB

ကမ္ဘာ့အလယ်​မှာ မြန်​မာအမျိုးသမီးတစ်​​ယောက်ရဲ့ အရည်​အချင်း​တွေကို ဂုဏ်​ယူဝံ့ကြွားစွာ ပြသနိုင်​ဖို့ ပိုမို ကြိုးစား​လေ့လာသင်​ယူသွားမယ်လို့  Miss Myanmar International 2018 သရဖူ ပူပူနွေးနွေးရထားတဲ့ အလှမယ် မေယုခတ္တာကပြောပါတယ်။

ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ဇွန်လ ၁၃ရက် ညက ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် Miss Myanmar International အလှမယ်ရွေးချယ်ပွဲမှာ မေယုခတ္တာက အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

သဖူကို ဆွတ်ခူး​ခဲ့တဲ့ အတွက်​ အတိုင်းမသိဝမ်းသာ ​ပျော်​ရွှင်​မိပါတယ်​​။ ​မြန်​မာနိုင်​ငံကိုယ်​စားပြု အလှမယ်​ ဖြစ်​ခွင့်​ရတဲ့အတွက်​လဲ ပီတိဖြစ်​ရပါတယ်​။ ကျမအ​နေနဲ့ ကမ္ဘာ့အလယ်​မှာ မြန်​မာအမျိုးသမီးတစ်​​ယောက်ရဲ့ အရည်​အချင်း​တွေကို ဂုဏ်​ယူဝံ့ကြွားစွာ ပြသနိုင်​ဖို့အတွက်​လည်း ကျမအ​နေနဲ့ ဒီထက်​ပိုပြီး Miss တစ်​​ယောက်​မှာရှိသင့်​ရှိထိုက်​တဲ့ Body, Beauty, Brain & Behavior ​တွေကိုပိုမိုပြီး ကြိုးစား​လေ့လာသင်​ယူသွားမယ်လို့  သရဖူဆုရယူ အပြီးမှာ ပြောပါတယ်။

ဒါ့အပြင် အကျင့်​စာရိတ္တ​ ကောင်းမွန်​ပြီး စံပြဖြစ်​တဲ့ Miss Myanmar International တစ်​ဦးဖြစ်​​အောင်​နေထိုင်သွားမယ်၊ မြန်​မာပြည်ရဲ့ ခရီးသွားလုပ်​ငန်းကိုလည်း ပိုမိုတွင်​ကျယ်​လာ​အောင်​  တတ်​အားသေ​ရွ့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

အလှမယ် မေယုခတ္တာဟာ လာမယ့် နိုဝင်ဘာလ ဂျပန်နိုင်ငံ ၊ တိုကျိုမြို့မှာ ကျင်းပမယ့်  Miss International 2018 ပြိုင်​ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်​။

ဓာတ်ပုံ-May Yu Khatar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013