
လီဗာပူးအသင်းဟာ အန်ဖီးလ်ကွင်းမှာ ဂါလာတာစာရေးကို (၄-၀) ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် (၄-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတာဖိုင်နယ်အဆင့်ကို တက်ရောက် သွားပါတယ်။
ဒီပွဲမှာ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ချန်ပီယံလိဂ် သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး အာဖရိကကစားသမားအဖြစ် သမိုင်းဝင်စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ပထမပိုင်းမှာ ဆာလာဟာ ပင်နယ်တီ လွဲချော်ခဲ့ပေမဲ့ ဆိုဘိုစလိုင်းက အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ အကီတီကီနဲ့ ဂရာဗင်ဘာ့ချ်တို့က ဂိုးတွေ ထပ်မံဖြည့်တင်းခဲ့ပါတယ်။
ဆာလာကလည်း အဝေးကန်ချက်နဲ့ လှလှပပ အဆုံးသတ်ကာ သူ့ရဲ့ ၅၀ မြောက်မှတ်တိုင်ကို စိုက်ထူ ခဲ့ပါတယ်။
လီဗာပူးဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိချန်ပီယံ PSG နဲ့ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။
Photo:Reuters











