
ဒီနေ့ည ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ် နောက်ခံလူ ဂျူရီယန်တင်ဘာ ပွဲထွက်ကစားနိုင်ပြီလို့ နည်းပြ အာတီတာက ပြောကြားကြောင်း ဘီဘီစီစပို့ (BBC Sport) သတင်းမှာ ဖော်ပြပါတယ်။
တင်ဘာဟာ မတ်လကတည်းက ပေါင်ခြံဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး၊ နောက်ခံလူ ဘင်ဝှိုက်ကလည်း ဒူးအရွတ်ဒဏ်ရာကြောင့် လွဲချော်မှာပါ။ အဲဒီနေရာအတွက် မော့စ်ကွီရာ၊ ဇူဘီမန်ဒီ နဲ့ ဒက်ကလန်ရိုက်စ်တို့ ဝင်ကစားပေးခဲ့ရပါတယ်။
ဒါ့အပြင် ဒဏ်ရာရခဲ့တဲ့ မာဒူကေးလည်း ပြန်ပါဝင်နိုင်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ လက်ရှိချန်ပီယံ ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ ဒီပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပြီး၊ ချန်ပီယံလိဂ်သမိုင်းမှာ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲတဲ့ ဒုတိယမြောက်အသင်း ဖြစ်လာဖို့ ပစ်မှတ်ထားနေပါတယ်။
Photo : Reuters










