DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သွားလာရေး အခက်ကြုံ
DVB
·
June 4, 2018
မြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သွားလာရေး အခက်ကြုံ
Donate to DVB

မြိုင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတွေ ကျလာတာကြောင့် ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကြည့်ကန်နဲ့ လင်းကတောကျေးရွာကြား လမ်းပေါ် ရေကျော်နေလို့ ရေပြွန်ပျက်စီးပြီး သွားလာရေး အခက်အခဲတွေ့နေပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ ဇွန် ၂ ရက်နေ့ည ၉ နာရီခန့်လောက် တညလုံး မိုးများသည်းထန်စွာ ရွာသွန်းခဲ့တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

မြိုင်မြို့နယ်နဲ့ လင်းကတောနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဇွန် ၃ ရက် နေ့လယ်ပိုင်းအထိ ခရီးသွားပြည်သူ ကြိုးတန်းပြီး လက်တွဲ ခေါ်ဆောင်ပို့ပေးပြီး ပစ္စည်းတွေ သယ်ယူပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ မြိုင်မြို့နယ် ပုသိမ်-မုံရွာသွား ကားလမ်းပိုင်း ကြည့်ကန်ကျေးရွာနဲ့ လင်းကတောကျေးရွာကြား မိုင်တိုင်အမှတ်-၄၁၂/၄ နှင့် ၄၁၂/၅ ကြား လမ်းပေါ်မှာလည်း ရေကျော်မှုဖြစ်ပြီး ရေပြွန်အမှတ် -၄၁၇/၁မှ ရေတိုက်စားမှုကြောင့် ပေ ၂၀ လောက် လမ်းကျိုးပေါက် ပျက်စီးသွားခဲ့တာကြောင့် ယာဉ်ကြီးယာဉ်ငယ်တွေ၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားပြည်သူတွေ သွားလာရေး အခက်အခဲ ကြုံတွေ့ခဲ့ကြရပါတယ်။

လမ်းပြတ်တောက်တာတွေကို ခရိုင်တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊၊ လမ်းဦးစီးဌာန၊ စည်ပင်တာဝန်ရှိသူတွေက ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့တာကြောင့် သွားလာလို့ ရနေပြီဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013