DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ထပ်မံတောင်းခံနေမှု လွှတ်တော်အမတ်များ မေးခွန်းထုတ်
DVB
·
May 30, 2018
Donate to DVB

ရှိပြီးသားပစ္စည်းတွေကို ဘယ်နှကြိမ်ထိ ဘတ်ဂျက် ထပ်မံတောင်းခံနေမှာလဲလို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ  လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း အစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ သုံးစွဲဖို့ ငွေကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ လျာထားတာဖြစ်ပါတယ်

အဲဒီဘတ်ဂျက်ငွေတွေထဲမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းက တောင်းခံသုံးစွဲခဲ့တဲ့ ပစ္စည်းစာရင်းတွေဟာ အခုနှစ် ဘတ်ဂျက် ဘဏ္ဍာနှစ်မှာလည်း ထပ်မံတောင်းခံလာတာကြောင့် ကိုယ်စားလှယ်တွေက  မေးခွန်းထုတ်လိုက်တာပါ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပေးပို့ထားတဲ့ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းရဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် နဲ့ပတ်သက်ပြီး ဒီကနေ့ မေလ ၃၀ ရက်က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ပါတယ်။

ဘတ်ဂျက်ငွေ ထပ်မံတောင်းခံတဲ့ ပစ္စည်းတွေအနက် ဂေါက်ကွင်းတွေမှာ အသုံးပြုတဲ့ ဘက်ဂီကားတွေကိစ္စနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဒီဘတ်ဂျက် ၆၄၈ ဒသမ ၈၈ ဘီလီယံကို ရန်ကုန်တိုင်း အတွင်းက ၄၅ မြို့အတွက် စီမံကိန်း ၈၀၀ ကျော်မှာ သုံးစွဲဖို့ ရည်မှန်းထားတာပါ။

မူလက ဌာန ၂၇ ခုကနေ ကျပ်ငွေ ၁၁၈၈ ဘီလီယံကို တောင်းခံခဲ့ပေမယ့် အစိုးရအဖွဲ့က ကျပ် ၄၄၉ ဘီလီယံကို ပြန်လည် ဖြတ်တောက်ခဲ့ပါတယ်။

ဒီဘတ်ဂျတ်ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၃၉၁ ဘီလီယံနဲ့ အများဆုံးသုံးစွဲမှာဖြစ်ပြီး အစိုးရအဖွဲ့ကတော့ ၁၃၈ ဒသမ ၆ ဘီလီယံနဲ့ ဒုတိယအများဆုံး သုံးစွဲမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013