DVB Logo
Home
နိုင်ငံတကာ
ကာရစ်ဘီယံပင်လယ်၌ အမေရိကန်စစ်တပ် ပစ်ခတ်မှုကြောင့် မူးယစ်မှောင်ခိုသမား ၃ ဦး သေဆုံး
DVB
·
April 20, 2026
Photo: U.S. SOUTHERN COMMAND
Photo: U.S. SOUTHERN COMMAND
Donate to DVB

အမေရိကန်တပ်ဖွဲ့တွေက ကာရစ်ဘီယံပင်လယ်ထဲက သင်္ဘောငယ်တစီးကို ပစ်ခတ်မှုအတွင်း တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအဖြစ် စစ်တပ်က ဖော်ပြတဲ့ အမျိုးသား ၃‌ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။

တောင်ပိုင်းစစ်ဌာနချုပ်က ပစ်ခတ်နေပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို လူမှုမီဒီယာပလက်ဖောင်း X မှာ တင်ခဲ့ပြီး ရေပြင်ကျယ်ပေါ်မှာ သင်္ဘောငယ်တစင်း ပေါက်ကွဲမှုကို ပြထားပါတယ်။ ဒီသင်္ဘောငယ်ဟာ ကာရစ်ဘီယံပင်လယ်ထဲက မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လမ်းကြောင်းတွေပေါ်မှာ သွားလာနေတာလို့လည်း တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

အမေရိကန်စစ်တပ်ဟာ ကယ်ရစ်ဘီယံပင်လယ် အနောက်ခြမ်းက မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပတ်သက်နေတဲ့ သင်္ဘောတွေကို ၄၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး မူးယစ်ဆေးဝါး အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေ ဒါမှမဟုတ် ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခံရသူတွေ စုစုပေါင်း ၁၅၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိကြီးတယောက်က ပြီးခဲ့တဲ့လက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013