
ဘုန်းမောက်အသင်းနဲ့ကစားရမဲ့ လာမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို အရန်ခုံပိုမလားဆိုတဲ့ မေးခွန်းကို မန်ချက်စတာယူနိုက်တက် ကားရစ်က ငြင်းဆိုခဲ့ခြင်း မရှိပါဘူး။
အသင်းရဲ့ စည်းလုံးမှု ပျက်ပြားနေခြင်းမရှိကြောင်းလည်း သူက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ နေအိမ်မှာ ခိုးမှုဖြစ်ပွားခဲတဲ့အတွက် အသင်းက အပြည့်အဝ ကူညီပေးနေကြောင်း လည်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ကားရစ်ဟာ အသင်းရဲ့ရလဒ်ဆိုးတွေအတွက် တာဝန်ယူမှု အပြည့် ရှိကြောင်း ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကိုမိုအသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့မှုအပြီး အသင်းရဲ့တန်ဖိုးတွေ ပျောက်ဆုံး နေတာကို သူလက်မခံနိုင်ကြောင်း ဆိုပါတယ်။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုမှု တွေ ရှိခဲ့ပေမဲ့ ကားရစ်ကတော့ အသင်းအတွက် အကောင်းဆုံးဖြစ်မဲ့ ဆုံးဖြတ်ချက်ကိုသာ ချမှတ် သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Photo:Reuters











