DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ချက် အစိုးရက မကြာခင်ထုတ်ပြန်ရန် မျှော်လင့်
DVB
·
April 20, 2018
အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ချက် အစိုးရက မကြာခင်ထုတ်ပြန်ရန် မျှော်လင့်
Donate to DVB

အနည်းဆုံး အခကြေးငွေကို နိုင်ငံတော်သမ္မတက မူအားဖြင့် သဘောတူပြီး ဖြစ်တဲ့အတွက် တရားဝင် ထုတ်ပြန်ကြေညာဖို့ မကြာနိုင်တော့ဘူးလို့ အလုပ်သမားဝန်ကြီးဌာနနဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကိုယ်စားလှယ်တွေက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက “နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ကျပ် ၄၈၀၀ ကို ဝန်ထမ်းတွေကို တိုးပေးမယ့် လစာနဲ့ နှိုင်းယှဉ် ပြောသွားတာတွေအရ မူအားဖြင့် သဘောတူလိုက်ပြီလို့ ယူဆရပါတယ်။ တရားဝင် ထုတ်ပြန် ကြေညာဖို့လည်း မကြာနိုင်တော့ဘူး” လို့  ပြောပါတယ်။

အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတိက မတ်လ ပထမပတ်က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အတည်ပြုထားတာပါ။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးဝင်းဇော်က “နိုင်ငံဝန်ထမ်းတွေကို တိုးပေးမယ့် အနည်းဆုံးနှုန်းထား ကျပ် ၁၄၄၀၀၀ နဲ့ အနည်းဆုံး အခကြေးငွေ ၄၈၀၀ ရဲ့ တလ ၁၄၄၀၀၀ က တူညီနေတယ်။ အဲဒီအတွက် ပြည်ထောင်စုအစိုးရက သဘောတူလိုက်ပြီလို့ ပြောလို့ရတယ်။ ဒီလမကုန်ခင်လောက် ထွက်နိုင်မယ်လို့  မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သဘောတူထားတဲ့ အနည်းဆုံး အခကြေးငွေကို ပြည်ထောင်စုအစိုးရကို တင်ပြပြီး အစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ကြေညာသွားမယ်လို့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက မတ်လ ပထမပတ်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013