DVB Logo
Home
မြန်မာသတင်း
ရှမ်းမိန်းကလေးငယ်အား အောင်မြင်စွာ ခွဲစိတ်ကုသပေးသည့် ဆေးပညာရှင်များကို ဂုဏ်ပြု
DVB
·
April 12, 2018
ရှမ်းမိန်းကလေးငယ်အား အောင်မြင်စွာ ခွဲစိတ်ကုသပေးသည့် ဆေးပညာရှင်များကို ဂုဏ်ပြု
Donate to DVB

ရင်သားအဆမတန်ကြီးမားတဲ့ ဝေဒနာခံစားနေရတဲ့ ရှမ်းတိုင်းရင်းသူ မိန်းကလေးကို  အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ကြတဲ့ ဆေးပညာရှင်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လှိုက်လှဲစွာချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဧပြီ ၁၁ ရက်ရက်စွဲနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအ၀င် ၀န်ကြီးဌာနရှိ ၀န်ထမ်းများအားလုံးက ခွဲစိတ်ကုသရာမှာ ပါဝင်ခဲ့ကြသူတွေကို လှိုက်လှဲစွာ ချီးကျူးဂုဏ်ယူပါကြောင်း မှတ်တမ်းတင် ပါတယ်လို့ ဖော်ပြထားပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါကုတင် ၁၀၀ ဆေးရုံတွင် လူနာ မနန်းဆိုင်လူ (၁၃) နှစ်၏ virginal breast hypertrophy ရောဂါအား အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့သော ဆေးရုံအုပ် ဒေါက်တာနန္ဒ၀င်း၊ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာနိုင်နိုင်ထွန်း၊ မေ့ဆေးအထူးကုဆရာဝန် ဒေါက်တာသီတာဝင်း၊ အရိုးခွဲစိတ်ဆရာဝန် ဒေါက်တာကိုလေးဝင်းတို့ ဦးဆောင်သော လက်ထောက်ဆရာဝန်များ၊ ဆရာမများ၊ လုပ်သားများနှင့် လူမှုရေး အသင်းအဖွဲ့များ စေတနာ့လုပ်အားရှင်များအား လှိုက်လှဲစွာ ချီးကျူးဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။”

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတရွာက ရှမ်းတိုင်းရင်းသူ မိန်းကလေး ငယ်လေးတဦးမှာ ရင်သားအဆမတန်ကြီးထွားတဲ့ ရောဂါဖြစ်ပွားနေပြီး ဧပြီ ၉ရက်မှာ ကျောက်မဲခရိုင် သီပေါဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မိန်းကလေးငယ်ကို သီပေါဆေးရုံမှာ ဆေးရုံအုပ် ဒေါက်တာနန္ဒ၀င်း၊ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာနိုင်နိုင်ထွန်း၊ မေ့ဆေးအထူးကုဆရာဝန် ဒေါက်တာသီတာဝင်း၊ အရိုးခွဲစိတ်ဆရာဝန် ဒေါက်တာကိုလေးဝင်းတို့ ဦးဆောင်တဲ့ လက်ထောက်ဆရာဝန်တွေနဲ့ ဆရာမတွေက ခွဲစိတ်ကုသပေးခဲ့ကြတာ ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကစလို့ ရင်သားတွေ မူမမှန် အဆမတန်ကြီး ထွားလာတာဖြစ်ကြောင်း၊ သူတို့နေတဲ့ရွာမှာ ခေါင်ခိုက်ပြီး မိဘတွေလည်း အသိပညာအားနည်းတာကြောင့် အခုကျမှ ဆေးဝါးကုသမှုပြုနိုင်တာလို့ သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013