DVB Logo
Home
မြန်မာသတင်း
ကချင်၊ ကရင်နှင့် ရှမ်းဒေသ တိုက်ပွဲများကို အမေရိကန် စိုးရိမ်
DVB
·
April 27, 2018
ကချင်၊ ကရင်နှင့် ရှမ်းဒေသ တိုက်ပွဲများကို အမေရိကန် စိုးရိမ်
Donate to DVB

ကချင်ပြည်နယ်က ပြင်းထန်တဲ့တိုက်ပွဲနဲ့ ရှမ်းနဲ့ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  ဒေသခံ ထောင်ချီ ထွက်ပြေးနေရတာကို အလွန်အမင်း စိုးရိမ်တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ် စွန့်ခွာထွက်ပြေးရလောက်အောင် ပြင်းထန်လာနေတဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ ပတ်သက်လို့  အလွန် စိုးရိမ်မကင်းဖြစ်မိတယ်လို့ ဧပြီ ၂၇ ရက် သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက်လည်း လွန်စွာစိုးရိမ်မိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ရပ်တန့်ဖို့ ပါဝင်ပတ်သက်သူ အားလုံးကို တိုက်တွန်းပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူတွေအတွက် လူသားချင်းစာနာမူ အကူအညီတွေ ပေးခွင့်ပြုဖို့အတွက်လည်း တပ်မတော် အပါအဝင် အစိုးရကို  မေတ္တာရပ်ခံတယ်လို့ အမေရိကန်သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၆ ရက်မှာ ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ်အတွင်း တပ်မတော်နဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာတွေက ဒေသခံ ၁၀၀၀ လောက်   တိမ်းရှောင်နေကြရပါတယ်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်မှာလည်း တပ်မတော်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တို့မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013