DVB Logo
Home
မြန်မာသတင်း
ကချင် နှင့် ရှမ်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
DVB
·
July 6, 2017
ကချင် နှင့် ရှမ်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Donate to DVB

 

ကချင်ပြည်နယ် ကာမိုင်းမြို့နယ် နဲ့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွေထဲမှာ မြန်မာ့ တပ်မတော် နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြားမှာရော၊ ရှမ်း နဲ့ ပလောင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကာမိုင်းမြို့နယ် အလဲတူရွာအနီးမှာ ဇူလိုင်  ၅ ရက်နေ့က မြန်မာ့တပ်မတော် တပ်မ  ၁၀၁ လက်အောက်ခံ ခမရ ၂၅၁  နဲ့  ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ လက်အောက်ခံတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးကြီး တန်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရတပ်နဲ့ ကျနော်တို့တပ် မနေ့မနက်က တိုက်ပွဲဖြစ်တယ်၊ နှစ်ဘက် အင်အားကမများပါဘူး၊ လေးငါးဆယ် အဲလောက်ပါပဲ။  ၈ နာရီ ၂၀ ကနေ ၉ နာရီလောက်ထိ  ၁ နာရီနီးနီးပေါ့နော်၊ အဲဒီမတိုင်ခင် ၂ ရက်လည်းဖြစ်သေးတယ်၊ အဲဒီနားတ၀ိုက်ပါပဲ။ အဲဒါဘာကြောင့်ဖြစ်သလဲဆို သူတို့က ကျနော်တို့ရှိတဲ့ဘက်ကို နယ်မြေရှင်းလင်းရေးဆိုပြီး ၀င်လာလို့ အဲဒီမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာပါ။ နှစ်ဘက်ထိခိုက်ကျဆုံးတာတော့ မသိရပါဘူး။ တဘက်နဲ့ တဘက်က လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်တယ်ဆိုတော့ ပြည်သူလူထုတော့ ဒုက္ခရောက်တာပေါ့ဗျာ၊ ဒီအချိန်က မိုးရာသီဆိုတော့ လယ်ထဲမှာ စိုက်ကြပျိုးကြရင်း သေနတ်သံတွေကြားရင် ပြေးကြတာပေါ့။”

ဒီကနေ့မှာတော့ တိုက်ပွဲမဖြစ်သေးပေမယ့် သူတို့တပ်မဟာ ၆ ဘက်ကတော့ အသင့်အနေ အထားနဲ့ သတိရှိရှိနေနေကြကြောင်း၊ ကေအိုင်အေရဲ့ အခြားတပ်မဟာတွေဘက်က အခြေအေ နတော့ မသိရဘူးလို့  ဗိုလ်မှူးကြီးတန်ဆိုင်းက ပြောသွားပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာတော့ တီအန်အယ်လ်အေ တအာင်းတပ် နဲ့  အာရ်စီအက်စ်အက်စ် ရှမ်းတပ်ဖွဲ့တွေကြား ဇူလိုင် ၄ ရက် နဲ့ ၅ ရက် နေ့တွေမှာ ထိတွေ့ ပစ်ခတ်ခဲ့ကြတယ်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးဌာန  မိုင်အိုက်ကျော်က  ဒီဗွီဘီကို ပြောပါ တယ်။

“တမြန်နေ့နဲ့ မနေ့က နမ္မတူမြို့နယ် လွယ်ပြေအုပ်စု ပန်ဆန်းရွာနားမှာ တိုက်ပွဲဖြစ်တယ်။ အဓိကကတော့ ကျနော်တို့လှုပ်ရှားတဲ့နေမြေထဲမှာ အာရ်စီအက်စ်အက်စ်က တကြော့ပြန်ပြီးတော့ ကျူးကျော်ဝင်ရောက်လာလို့ ကျနော်တို့အဖွဲ့နဲ့ တိုးပြီးတော့ တိုက်ပွဲဖြစ်တာ။ နှစ်ဘက်ထိခိုက်ဒဏ်ရာရတာရှိတယ်၊ စာရင်းအတိအကျတော့ မသိရဘူး။”

အာရ်စီအက်စ်အက်စ်တပ်ဖွဲ့ ၀င်ရောက်လာတာကြောင့် နမ္မတူမြို့နယ် ပန်လော့၊ ပန်မော်၊ နောင်ကောင်လုတ်၊ ကုန်ကြုံနဲ့ ပန်စံရွာက ရွာသားပေါင်း ၂၅၀ ကျော် နမ္မတူမြို့ ပုဗ္ဗာရုံကျောင်း တိုက်ကို တိမ်းရှောင်နေတယ်လို့  သူက ဆက်ပြောပါတယ်။

တီအန်အယ်လ်အေဟာ ပြီးခဲ့တဲ့လ ၂၇  ရက်နေ့ကလည်း မြန်မာ့တပ်မတော် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအနီးမှာရော နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စုထဲမှာပါ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ရွာထဲကို  လက်နက်ကြီး ကျတာကြောင့်နဲ့ ရိုက်နှက်စစ်ဆေးတာ ခံရလို့ ရွာသားတစ်ထောင်နီးပါး လားရှိုးမြို့ သာသနာ ၂၅၀၀ ကျောင်းတိုက်၊ အောင်မင်္ဂ လာကျောင်းတိုက် နဲ့  ခေးနင်းကျေင်းတိုက်တွေမှာ ထွက်ပြေး ပုန်းရှောင်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013