အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်ဟာ ၂၀၀၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်ကနေ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မန်ယူမှာ အငှားစာချုပ်နဲ့ ကစားခဲ့စဉ်က ဆာအဲလက်စ်ဖာဂူဆန် ပေးထားတဲ့ ကတိစကားတွေကို မတည်ခဲ့တာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တီဗက်ဇ်က ဆိုပါတယ်။
မန်စီးတီးကို ရောက်ရှိပြီးနောက် တီဗက်ဇ်ဟာ ပရီးမီးယားလိဂ်ဖလားကို တတိယအကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။
အဲဒီကာလအတွင်း တီဗက်ဇ်ဟာ ဆာအဲလက်စ်ဖာဂူဆန်ကို ရည်ရွယ်တဲ့ 'RIP Fergie' လို့ ရေးသားထားတဲ့ ဘန်နာကို ကိုင်ဆောင်ခဲ့တဲ့ ဖြစ်ရပ်ကြောင့်လည်း နာမည်ကျော်ကြားခဲ့ပါတယ်။











