DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအန်ပီပီခေါင်းဆောင်များ လွိုင်ကော်တွင် တရားဝင်တွေ့ဆုံမည်
DVB
·
April 9, 2018
အစိုးရနှင့် ကေအန်ပီပီခေါင်းဆောင်များ လွိုင်ကော်တွင် တရားဝင်တွေ့ဆုံမည်
Donate to DVB

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ခေါင်းဆောင်တွေ လာမယ့် ဧပြီ ၂၃- ၂၄  ရက်နေ့တွေ လွိုင်ကော်မြို့မှာ တရားဝင် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီတွေ့ဆုံပွဲမှာ  လွန်ခဲ့တဲ့ ၅ နှစ်က နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့  ကိစ္စတွေ အပါအ၀င် အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ ဆွေးနွေးမယ်လို့ အန်ပီပီ အတွင်းရေးမှူး ၂ ခူးဒယ်နီရယ်က ပြောပါတယ်။

“၂၃၊ ၂၄ တွေ့ဖို့ မှန်းတယ်။ ကျနော်တို့ Bilateral Agreements မှာ ဆက်သွားလို့မရတဲ့ ခေါင်းစဉ်၊ သို့မဟုတ်ရင်လည်း ဒီအကောင်အထည်ဖော်ဖို့ ကျန်တဲ့လုပ်ငန်းတွေကို ဆွေးနွေးမယ်။  အန်စီအေကတော့ ဆွေးနွေးတာပါမယ်။ ဒါပေမယ့် ထိုးဖို့၊ မထိုးဖို့ကတော့ ဆွေးနွေးမှုအပေါ်မှာပဲ မူတည်မှာပေါ့။”

ကေအန်ပီပီဟာ အစိုးရနဲ့  ပြည်ထောင်စုအဆင့် နှစ်ဖက်အကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်များ (Bilateral Agreements) အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇွန်လ ၉ ရက်မှာ တကြိမ်၊ ၂၀၁၃ ဇွန်လ ၂၀ ရက်နေ့က တကြိမ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီတရားဝင် တွေ့ဆုံပွဲဖြစ်လာဖို့ ပြီးခဲ့တဲ့ မတ်လ ၇ နေ့က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး လွိုင်ကော်မြို့မှာ တွေ့ဆုံနိုင်ဖို့ သဘောတူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့မှာတော့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP ကိုယ်စားလှယ်တို့ လွိုင်ကော်မြို့မှာ တွေ့ဆုံပြီး တရားဝင် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အလွတ်သဘော ညှိနှိုင်းခဲ့ပါတယ်။

ကေအန်ပီပီကို ၁၉၅၇ မေလ ၂ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အဖွဲ့ဝင် ဖြစ်သလို အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အန်စီအေမှာ ပါဝင်လာဖို့ အစိုးရက တဖွဲ့ချင်း ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပြီး ရခိုင်ပြည်အမျိုးသားကောင်စီ (အန်စီအေ) ကတော့ အပစ်ရပ်စာချုပ်မှာ ပါဝင်နိုင်ဖို့ မလွယ်တော့ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

Photo : Peace Commission

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013