DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးတွင် ဆီဘောက်ဆာကားနှင့်ဖောကား တိုက်မိ၊ ၁ ဦး သေဆုံး
DVB
·
April 9, 2018
ဒိုက်ဦးတွင် ဆီဘောက်ဆာကားနှင့်ဖောကား တိုက်မိ၊ ၁ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဆင်စခန်းကျေးရွာအနီးမှာ ဧပြီလ ၈ ရက် ညနေ ၄ နာရီလောက်က ဆီဘောက်ဆာယာဉ်နဲ့ ဖောကား တိုက်မိရာမှ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒိုက်ဦးမြို့မရဲစခန်းက သိရပါတယ်။

ဆင်စခန်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၈၇/၂ အနီးမှာ ညောင်လေးပင်ဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း မင်းဇော်ထိုက် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ညီညီလတ်တို့ လိုက်ပါစီးနင်းလာတဲ့ အစိမ်းရောင် ခေါင်းတွဲ ဆီဘောက်ဆာယာဉ်ရဲ့ ဝဲဘက်ဘေးကို ဒိုက်ဦးဘက်ကနေ ညောင်လေးပင်မြို့ဘက်ကို အမည်မသိ အမျိုးသားတဦး မောင်းနှင်လာတဲ့ BGO-2873 HINO ဖောကားက တဖက်ယာဉ်ကြောကို ရောက်ရှိပြီး ဝင်ရောက်တိုက်မိကာ ယာဉ်နှစ်စီးလုံးတိမ်းမှောက်ခဲ့တာပါ။

ဒိုက်ဦးမြို့မစခန်းမှူး ဒုရဲမှူး မောင်ကိုက "သေဆုံးသွားတာကတော့ မြေကြီးတွေ တင်လာတဲ့ ဖောကားက ယာဉ်မောင်းပါ။ ဆီဘောက်ဆာယာဉ်မောင်းကတော့ ဘာမှမဖြစ်ပါဘူး။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာအနည်းငယ်ပဲရပြီး မစိုးရိမ်ရပါဘူး။ လမ်းရှင်းတာက ငါးနာရီလေးဆယ့်ငါးလောက်မှာ ရှင်းသွားပါတယ်။ တခြမ်းပဲ ရှင်းနိုင်သေးတယ်၊ ဆီဘောက်ဆာကားကြီးက ကျန်နေသေးတော့" လို့ ဒီဗွီဘီကိုပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်အား ပေါ့ဆစွာ မောင်းနှင်မှုကြောင့် မျက်နှာချင်းဆိုင်ယာဉ်ကို တိုက်မိ သေဆုံးတဲ့ အမည်မသိ ဖောကားယာဉ်မောင်းသူကို ဒိုက်ဦးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က (ပေါ့လျော့ခြင်းဖြင့်သေစေမှု)/ ၃၃၇ ( နာကျည်စေမှု)တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013