DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၂၂ ဘီးတွဲယာဉ် သစ်ပင်ဝင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
March 25, 2018
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၂၂ ဘီးတွဲယာဉ် သစ်ပင်ဝင်တိုက်၊ ၁ ဦးသေဆုံး
Donate to DVB

 

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့နယ် မိုင်တိုင် ၃၅၆/၇ နဲ့ ၀ အကြားမှာ မတ်လ ၂၄ ရက် ညနေက မြန်မာဘီယာဖာတွေတင်ထားတဲ့ ၂၂ ဘီးတွဲကားတစီး လမ်းဘေးတမာပင် ဝင်တိုက်မိရာ အမျိုးသား ၁ ဦးသေဆုံးတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ဂျပန်လမ်းနေ အသက် ၂၅ နှစ်ရှိ ယာဉ်မောင်း ကိုငြိမ်းဇော်ကို စီယာတိုင်နဲ့ညှပ်ပြီး သေဆုံးသွားတာပါ။

မန္တလေးဘက်ကို မောင်းလာတဲ့ကားပါ လမ်းညာဘက်ဘေးက လုံးပတ် ၆ ပေလောက်ရှိတဲ့ တမာပင်ကို ဝင်တိုက်မိမှ ရပ်သွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

‎ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ် ကျော်ကျော်မင်းက "တွဲကား တိုင်လော့ပြုတ်သွားပြီး ထိန်းမရတော့ပဲ လမ်းဘေးတမာပင်ကို ဝင်တိုက်မိတာပါ။ ကားက ‎အရှိန်များတော့ သစ်ပင်ပေါ် တက်သလို ဖြစ်သွားတယ်။ ယာဉ်မောင်းကတော့ ရင်ဘတ်ကို စီယာတိုင် ညှပ်မိနေတာ မီးသတ်ကို အကူအညီတောင်းပြီး ဆွဲထုတ်ရတယ်။ အဲဒဏ်ရာနဲ့ပဲ နေရာတင် သေဆုံးတယ်။ သန္တိသုခပရဟိတကားနဲ့ ဝမ်းတွင်းဆေးရုံ ပို့ရတယ်"လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှာ ယာဉ်မောင်း ကိုငြိမ်းဇော်ကို ကို ယာဉ်မဆင်မခြင်မောင်းတဲ့ အတွက် လူသေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ယာဉ်(ပ)၅/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013