
ထိုင်ဝမ်စစ်တပ်ဟာ သြဂုတ် ၉ ရက်မှာ ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းက ဟွားလျန်မြို့မှာ နှစ်စဉ် ကျင်းပနေကျ ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် လေ့ကျင့်ခန်းတခု ပြုလုပ်ခဲ့ပါတယ်။
တပ်ဖွဲ့တွေက သတ်မှတ်ထားတဲ့ ပြန်လည်ထူထောင်ရေးဇုန်တွေဆီကို လူတွေနဲ့ သံချပ်ကာယာဉ်တွေကို အမြန် မရွှေ့မီ နျူကလီးယား၊ ဇီဝဗေဒနဲ့ ဓာတုဗေဒ (NBC) တိုက်ခိုက်မှုတွေကို အသွင်ယူလေ့ကျင့်ခဲ့ပါတယ်။
အဲဒီနောက် စစ်သားတွေ၊ တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေက တိုက်ခိုက်မှုတွေကို အမြန် တုံ့ပြန်နိုင်စွမ်းနဲ့ တိုက်ခိုက်ရေးဆိုင်ရာ စစ်ဆင်ရေးတွေဆီ လူတွေနဲ့ ပစ္စည်းကိရိယာတွေကို အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်စွမ်းကို စမ်းသပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လေ့ကျင့်ခန်းအတွင်း ညစ်ညမ်းမှု သန့်စင်ရေးလေ့ကျင့်ခန်းကို လေ့ကျင့်ခဲ့ပါတယ်။
လေ့ကျင့်ခန်းကို ကြီးကြပ်ခဲ့တဲ့ တပ်မတော်ဗိုလ်မှူးကြီး ချန်ချင်းယန်က လူတွေနဲ့ ကားတွေက တိုက်ခိုက်ရေးစွမ်းရည်ကို အမြန်ပြန်ရဖို့ ရည်ရွယ်လေ့ကျင့်တာလို့ ပြောပါတယ်။
ဆယ်စုနှစ်တခုကြာ စစ်မှုထမ်းအဖြစ်ကနေ ထွက်ခွာပြီးတဲ့နောက် စတုတ္ထအကြိမ်မြောက် လေ့ကျင့်ခန်းမှာ ပါဝင်လေ့ကျင့်ဖို့ ပြန်ရောက်လာတဲ့ လင်ဘင်စွမ်းက အခုနှစ် လေ့ကျင့်မှုဟာ အရင်နှစ်တွေထက် ပိုတိကျပြီး ပြည့်စုံတယ်လို့ ပြောပါတယ်။
၁၀ ရက်ကြာမဲ့ ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်ရဲ့ ကျူးကျော်မှုဖြစ်နိုင်ခြေအတွက် ထိုင်ဝမ်ရဲ့ ပြင်ဆင်မှုကို အဓိကထားပါတယ်။
တရုတ်နိုင်ငံက ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ကျွန်းကို သူ့ကိုယ်ပိုင်နယ်မြေအဖြစ် အခိုင်အမာ ပြောဆိုထားပြီး လိုအပ်ရင် အင်အားသုံး ထိန်းချုပ်ဖို့ ကတိပြုထားပါတယ်။
ထိုင်ဝမ်အစိုးရကတော့ တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာဆိုင်ရာ တောင်းဆိုချက်တွေကို ငြင်းပယ်ထားပါတယ်။
Source: Reuters










