DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက် နေရပ်ပြန်မြန်မာအလုပ်သမားများအတွက် ဗီဇာအခမဲ့ဆောင်ရွက်ပေးနေ
DVB
·
April 5, 2018
သင်္ကြန်ပိတ်ရက် နေရပ်ပြန်မြန်မာအလုပ်သမားများအတွက် ဗီဇာအခမဲ့ဆောင်ရွက်ပေးနေ
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီနယ်စပ်ဂိတ်မှာ သင်္ကြန်ကာလ နေရပ်ပြန်ကြမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ဧပြီ ၅ ရက်ကနေ ၃၀ရက်အထိ  ၂၅ ရက်အတွင်း နိုင်ငံကူးလက်မှတ်ဗီဇာတုံးထုတာကို စီမံချက်နဲ့ အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေမှာ လုပ်ငန်းလက်မှတ်အမျိုးမျိုးရှိနေပြီး သူတို့ သင်္ကြန်ကာလ အိမ်ပြန်နိုင်ရေး သက်ဆိုင်ရာဌာနတွေကို သွားစရာမလိုအပ်တောပဲ နယ်စပ်ဂိတ်တွေကနေဆင့် ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

မိမိပြန်လည်ဝင်ရောက်သွားတဲ့ ဂိတ်ကနေ ထိုင်းနိုင်ငံကိုပြန်လာတဲ့အခါမှာလည်း အဲဒီဂိတ်ကနေ ပဲ ပြန်ထွက်သွားရမှာဖြစ်ပါတယ်။

မြ၀တီ-မဲဆောက်ချစ်ကြည်ရေးတံတားမှာ ပုံမှန်ရက်တွေမှာ ခရီးသွားလာသူအ၀င်ထွက် ဦးရေ ၂၀၀၀ ကျော်သာရှိပြီး သင်္ကြန်မတိုင်မခင်မှာတော့ ၀င်ထွက်သွားလာမှု ၃၀၀၀ ကနေ ၅၀၀၀ အထိရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  အိမ်ပြန်ရက်ဗီဇာကို ၂၅ရက်သာပေးထား တဲ့အတွက် ဧပြီ ၃၀ ရက်မတိုင်ခင်  မိမိအလုပ်ရုံကို ပြန်လည်ဝင်ရောက်ဖို့လိုအပ်ပြီး ၃၀ ရက်အထိ ပြန်မရောက်တဲ့ အလုပ်သမားတွေအနေနဲ့ တရက်ကို ဒဏ်ကြေး ၅၀၀ ဘတ် ပေးရမှာဖြစ်ပါတယ်။

သင်္ကြန်ပိတ်ရက်မဟုတ်ဘဲ ဒီထက်မက ကြာမယ်မယ်ဆိုရင်တော့ ထိုင်း-မြန်မာပုံမှန်အတိုင်း နယ်စပ်ဖြတ်ကျော်တုံးထုပြီးပြန်နိုင်တယ်လို့ သိရပါတယ်။  

မဟာသင်္ကြန်ကာလ အိမ်ပြန်ကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိရဲ့ ပတ်စ်ပို့ စာအုပ်ကို မိတ္တူထားဖို့လိုအပ်ပြီး ပတ်စ်ပို့သက်သေခံလက်မှတ်တစုံတရာပျက်စီးခဲ့ပါက ထိုင်းနိုင်ငံ ရဲစခန်းမှာ တိုင်ကြားကာ မိမိသွားလိုတဲ့ နေရာကို သွားရောက်မှာ ဖြစ်ပါတယ်။

 ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ အိမ်ပြန်ရက်ကို  မြန်မာ-ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းစီစဉ်မှုနဲ့ ပြီးခဲ့တဲ့နှစ်ကလည်း တကြိမ်ပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013