DVB Logo
Home
မြန်မာသတင်း
ဝက်မှေးရွာသူ၂ ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲ
DVB
·
March 30, 2018
ဝက်မှေးရွာသူ၂ ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲ
Donate to DVB

လက်ပံတောင်းတောင်စီမံကိန်းအနီး ဝက်မှေးရွာဟောင်းရှိ နေအိမ် ၇ လုံးပြောင်းရွှေ့ရာမှာ ရွာထဲကိုကားမဝင်ဖို့နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေမဝင်ဖို့ တားမြစ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။

မသွဲ့သွဲ့ဝင်း၊ မစန်းလှအပါအဝင် ရွာသား ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၃၃ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှုအတွက် ပြစ်ဒဏ်စတဲ့ ပုဒ်မတွေနဲ့ ဆားလင်းကြီး မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတာပါ။

သွားရောက်တွေ့ဆုံခဲ့တဲ့ ကိုတင့်အောင်စိုးက “သူတို့ကို စွဲထားတဲ့ပုဒ်မတစ်ခုက အာမခံရတယ်။ တစ်ခုက မရဘူး။ ပြီးတော့ ၂ ယောက်လုံးကလည်း တစ်နေကုန် ထမင်းမစား ပင်ပန်းထားတာဆိုတော့ ကျန်းမာရေးကမကောင်းဘူး။ ဆိုးတာက မစန်းလှက အတက်ရောဂါရှိတယ်။ သွေးအားနည်းတာလည်းရှိတယ်။ သွဲ့သွဲ့ဝင်းကတော့ အားလျော့ တာလောက်ပဲရှိတယ်။ ဒါနဲ့ ညတွင်းချင်းဆားလင်းကြီးဆေးရုံကို ပို့ထားခဲ့ရတယ်။ ဆရာဝန်ကလည်း ဒီတစ်ရက်တော့ စောင့်ကြည့်ချင်တယ်ဆိုတာနဲ့။ ဒီကိစ္စအတွက် တခြားအာမခံရတဲ့ ပုဒ်မတွေရှိပါရက်နဲ့ အာမခံမရတဲ့ ပုဒ်မနဲ့စွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။လို့ ပြောပါတယ်။

ဖမ်းဆီးတရားစွဲခံနေရသူတွေအနေနဲ့ ရှေ့နေတွေနဲ့တိုင်ပင်ပြီး အမှုရင်ဆိုင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တရုတ်သံအမတ်ကြီး ဟုန်လျန်နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ စစ်ကိုင်းတိုင်းကို မတ်လအတွင်းလာရောက်ပြီး အစိုးရနဲ့တွေ့တာ၊ ကြေးနီစီမံကိန်းကို သွားရောက်ကြည့်ရှုပြီးနောက် ခုလို ဖြစ်ပွားခဲ့တာလို့ လက်ပံတောင်းအရေး လိုက်ပါကူညီပေးနေသူတစ်ဦးကပြောပါတယ်။

“ဒါက စိုးရိမ်စရာအခြေအနေ။ ဆည်တည်းကိုလည်း အုပ်စုအုပ်ချုပ်ရေးမှူးက လာပြီးညှိနှိုင်းတာ၊ တရုတ်သံအမတ်လာတာ ၄ ကြိမ်ရှိပြီပြောတယ်။ အခုဖမ်းခံရတဲ့ သူတွေကိုလည်း အာမခံရတဲ့ပုဒ်မတွေရှိသားနဲ့ အာမခံ မရတဲ့ပုဒ်မနဲ့စွဲတယ်ဆိုတာက နောက်ထပ် လက်ပံတောင်းအရေးလုပ်မယ့်သူတွေ မလုပ်ရဲအောင် ခြောက်လိုက်တဲ့သဘောပဲ။ ဒီကိစ္စက တကျော့ပြန်လက်ပံတောင်းအတွက်တပ်လှန့်လိုက်တာပဲ။”

ဝက်မှေးရွာမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အင်အားကို လိုတာထက်ပိုသုံးတာ၊ အိမ်ရွှေ့ပြောင်းရာမှာ ဝမ်ပေါင်ကုမ္ပဏီကားတွေ အသုံးပြုတာ၊ ဒေသခံတွေကို မတရားဖမ်းဆီး အမှုဖွင့်တဲ့အပေါ်ဒေသခံတွေက ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013