DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး ၂ ဦး နစ်နာကြေးရရန် တရားစွဲဆိုသွားမည်
DVB
·
September 21, 2016
နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး ၂ ဦး နစ်နာကြေးရရန် တရားစွဲဆိုသွားမည်
Donate to DVB

နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေး ၂ ဦးနစ်နာကြေးတွေ ရဖို့အတွက် ကျူးလွန်သူတွေကို တရားမကြောင်းအရ တရားစွဲဆိုသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဒီဗွီဘီကို ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “၂ ယောက်မှာ တယောက်ကဆို လက်ချောင်းတွေ ကွေးကောက်နေပြီ။ သူ့ဘဝတလျောက် လုပ်ကိုင်စားဖို့ အတော် ခက်ခဲသွားပြီ။ အဲဒီ့အတွက် နစ်နာကြေးရဖို့ လိုတယ်။ ရာဇဝတ်ကြောင်းအရ တရားစွဲထားတာက တပိုင်း။ ကျနော်က နစ်နာကြေးရဖို့ တရားမကြောင်းအရ စွဲဆိုပေးမယ်။ ဒီကလေး ၂ ဦးဘက်က ကျနော်ဆီ ဆက်သွယ်ပေးစေချင်တယ်။ တရားရုံးစရိတ်၊ သူတို့ သွားလာစရိတ် အားလုံး ကျနော်ကျခံမယ်။ အခမဲ့ကူညီပေးမယ်”လို့ ပြောပါတယ်။

အိမ်အကူမိန်းကလေး၂ဦးကိုနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနဲ့ စုမွန်လတ် တို့ကို ကျောက်တံတား မြို့မရဲစခန်း က(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013