DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်လူထုများ ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာတင်
DVB
·
March 28, 2018
ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်လူထုများ ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာတင်
Donate to DVB

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်လူထုတွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာပေးပို့ ပန်ကြား လိုက်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖာပွန်ခရိုင် လူသောမြို့နယ်က လယ်မူပလောနဲ့ ခေးပူကျေး ရွာ အုပ်စုကျေးရွာပေါင်း ၁၆ ရွာရဲ့ ကျေးရွာလူထုခေါင်းဆောင်တွေက လက်မှတ်ထိုးပြီး  မတ်လ ၂၇ ရက်စွဲနဲ့ ‘ကျွန်ုပ်တို့၏ ငိုသံနှင့် နာကျင်မှုများကို စာနာနားလည်ပေးရန်’ ဆိုပြီး အနားခံလွှာတင်တောင်းဆိုတာ ဖြစ်ပါတယ်။

အသနားခံလွှာမှာ တပ်မတော်ရဲ့ လမ်းဖောက်လုပ်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကြောင့် သူတို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ လက်ရှိထွက်ပြေးတိမ်းရှောင်ရမှုတွေကြောင့် ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး၊ ကျန်းမာရေးပြဿနာတွေကို ဖော်ပြထားပါတယ်။
ဒါကြောင့် သူတို့စာနာထောက်ထားသောအားဖြင့် သူတို့နေထိုင်တဲ့ကျေးရွာတွေအ တွင်းကနေ တပ်မတော်က စစ်ဆင်ရေးရပ်တန့်ဖို့နဲ့ တိုးချဲ့ဝင်ရောက်လာတဲ့ အစိုးရတပ်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အတွက် ဖိအားပေးဖို့ တောင်းဆိုထားပါတယ်။

ဒါအပြင် အဲဒီဒေသအတွင်း လမ်းဖောက်လုပ်မှုအစီအစဉ်အားလုံးရပ်တန့်ရေး၊ ဖာပွန်ခရိုင်အတွင်း ဒေသခံလုပ်ကိုင်စားသောက်တဲ့နေရာနဲ့နီးပြီး အသက်မွေးဝမ်းကြောင်း အပေါ်ခြိမ်းခြောက်မှုအပြင်၊ ဒေသခံတွေ ယုံကြည်ကိုးကွယ်ရာ ဘာသာဓလေ့ထုံးတမ်းတွေ လွတ်လပ်စွာ ကျင့်သုံးခွင့်အပေါ် ခြိမ်းခြောက်မှု ဖြစ်စေတဲ့ အစိုးရစစ်တပ်စခန်း ၁၇ ခုကို ရုပ်သိမ်းရေး ဦးစာပေးဆောင်ရွက်ပေး ဖို့လည်း တောင်းဆိုထားပါတယ်။
ဖာပွန်ခရိုင် လူသောမြို့နယ်မှာ မတ်လ ၄ ရက်နေ့ကစပြီး တပ်မတော်က အင်အား အလုံးအရင်းနဲ့ တိုးချဲ့ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013