DVB Logo
Home
မြန်မာသတင်း
Grab နှင့် Uber ကုမ္ပဏီ ၂ ခု အရှေ့တောင်အာရှတွင် ပူးပေါင်း
DVB
·
March 26, 2018
Grab နှင့် Uber ကုမ္ပဏီ ၂ ခု အရှေ့တောင်အာရှတွင် ပူးပေါင်း
Donate to DVB

အွန်လိုင်းကနေ တက္ကစီအငှားယာဉ် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီနှစ်ခု ဖြစ်တဲ့ Grab နဲ့ Uber တို့ မြန်မာ အပါအဝင် အရှေ့တောင်အာရှဒေသမှာ  ပူးပေါင်းလိုက်ပြီလို့ ထုတ်ပြန်ပါတယ်။

Grab က Uber ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေက လုပ်ငန်းလည်ပတ်မှုတွေကို လွှဲပြောင်း ရယူလိုက်ပြီး ဒေသတွင်းက Uber ရဲ့ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းနဲ့ အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို Grab ရဲ့ လက်ရှိလုပ်ငန်းတွေမှာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က Uber ရဲ့ လုပ်ငန်းနဲ့ ပိုင်ဆိင်မှုတွေကို လွှဲပြောင်းရယူပြီးတဲ့နောက် Uber အနေနဲ့ Grab မှာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ဝေစုကိုရမှာဖြစ်ပြီး Uber ရဲ့ အမှုဆောင်အရာရှိချုပ်ဟာလည်း Grab ရဲ့ ဘုတ်အဖွဲ့မှာ ပါလာမှာ ဖြစ်ပါတယ်။

Grab ဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ GrabFood လုပ်ငန်းတွေကို Uber Eats လုပ်ငန်းနဲ့ ပေါင်းစည်းပြီးနောက်မှာ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကို တိုးချဲ့ပြီး ၂၀၁၈ ပထမနှစ်ဝက်မှာ GrabFood ကို အဓိကကျတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးမှာ ရနိုင်တော့မယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် GrabPay  မိုဘိုင်းပိုက်ဆံအိတ်ဝန်ဆောင်မှုကိုလည်း ဒီနှစ်ကုန်ပိုင်းမှာ အဓိကကျတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးမှာ ရနိုင်တော့မယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013