DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကနေဒါကို အနိုင်ယူပြီး ဆွစ်ဇာလန်အသင်း အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်
DVB
·
June 25, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပူးတွဲအိမ်ရှင် ကနေဒါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆွစ်ဇာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (B) မှာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်တက်သွားပြီ ဖြစ်ပါတယ်။

အိမ်ရှင် ကနေဒါအသင်းဟာ ဒီပွဲရှုံးနိမ့်ခဲ့ပေမဲ့ အုပ်စုဒုတိယနဲ့ နောက်တဆင့် ရှုံးထွက်အဆင့်ကို  ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။

ဗန်ကူးဗားမြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲစဉ် ဒုတိယပိုင်းစတင်ပြီး စက္ကန့် ၄၀  မှာတင် ရူဘင် ဗားဂတ်စ်က ဆွစ်ဇာလန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၁၀ မိနစ်အကြာမှာ ဂျိုဟန်မန်ဇမ်ဘီက ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။

ကနေဒါအသင်းအတွက် ချေပဂိုးကိုတော့ လူစားဝင်ကစားသမား ပရိုမစ် ဒေးဗစ်က သွင်းယူပေးခဲ့ပါတယ်။

၃၂ သင်း ရှုံးထွက်အဆင့်မှာတော့ အိမ်ရှင် ကနေဒါအသင်းဟာ လော့စ်အိန်ဂျလိစ်မြို့မှာ တောင်ကိုရီးယားအသင်းနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ အုပ်စု ၅ ခုထဲက အဆင့် ၃ ရတဲ့ အသင်းတသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမယ်လို့ ပွဲစဉ်အစီရင်ခံစာတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013