DVB Logo
Home
မြန်မာသတင်း
လယ်မြေများ ရေကြီးနစ်မြုပ်မှု သက်သာစေရန် မုက္ခမူ-ချိန်ချောင်း တူးဖော်
DVB
·
March 20, 2018
လယ်မြေများ ရေကြီးနစ်မြုပ်မှု သက်သာစေရန် မုက္ခမူ-ချိန်ချောင်း တူးဖော်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ လယ်ယာမြေ ရေကြီးနစ်မြုပ်မှု သက်သာစေဖို့ မုက္ခမူ-ချိန်းချောင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သန်း ၅၀၀ အကုန်အကျခံကာ တူးဖော်နေပါတယ်။

စစ်တောင်းမြစ် ရေကြီးရေလျှံတာကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်တောင်းရေကာတာကို တည်ဆောက်ထားတာကြောင့် စစ်တောင်းမြစ်ထဲဝင်တဲ့ ချောင်းပေါက်တွေ အကုန်ပိတ်သွားခဲ့ရပြီး နှစ်စဉ်နှစ်တိုင်း ညောင်လေးပင်မြို့က လယ်ယာမြေတွေ ရေကြီးနစ်မြုပ်မှု ဒဏ်ခံနေရတာ ဖြစ်ပါတယ်။

ညောင်လေးပင်မြို့က လယ်ယာမြေတွေ ရေကြီးနစ်မြုပ်မှု မခံရစေဖို့ ဒီနှစ်မှာ တိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ မုက္ခမူ-ချိန်းချောင်းကို ဆိုင်ကွလေးကျေးရွာကနေ မုက္ခကျေးရွာအထက်ပိုင်းအထိ ၈ မိုင်နီးပါး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက ဇန်နဝါရီလကစပြီး သန်း ၅၀၀ အကုန်ကျခံကာ တူးဖော်နေတာ ဖြစ်ပါတယ်။

ဆည်မြောင်းဦးစီး ဦးညွန့်လွင်က “ဟိုးအရင် စစ်တောင်း ရေကာတာ ဆောက်လုပ်ကတည်းက ဒီချောင်းကို ဦးစားပေးခဲ့တယ်။ နှစ်ပေါင်း ရာကျော်လာတဲ့အတွက် တဖြည်းဖြည်း ချောင်းကောလာတယ်။ ချောင်းကောပြီး ပြန်ပိတ်လာသလို မိုးရာသီဆို ဒီချောင်းထဲမှာ မြင်းဝန်းဆည်တွေ အဆင့်ဆင့်ရိုက်ထားတဲ့အတွက် ရေစီးရေလာ မကောင်းတော့ဘူး။ ရေစီးရေလာ မကောင်းတဲ့ အတွက် လယ်ယာမြေတွေ ရေကြီး နစ်မြုပ်တယ်။ အဲဒီအတွက်ကြောင့် ဒီချိန်းချောင်းကို အစအဆုံး ပြန်လည်တူးဖော်နေတာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မုက္ခမူ-ချိန်ချောင်း တူးဖော်ပြီးပါက လယ်ယာမြေဧက နှစ်သောင်းခွဲလောက် ရေကြီးနစ်မြုပ်မှု သက်သာသွားမှာဖြစ်ပြီး ရေတော် မိုးတော်နဲ့ ဆောင်းသီးနှံကို အချိန်မီ အခါမီ စိုက်ပျိုးနိုင်တော့မှာ ဖြစ်သလို ဒေသတွင်း တောင်သူတွေရဲ့ လူမှုဘဝ တိုးတက်မြင့်မားလာမယ်လို့လည်း သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013