DVB Logo
Home
မြန်မာသတင်း
လယ်ယာမဲ့များအတွက် ကန်ဒေါ်လာ ၄ သန်းကျော်သုံး၍ လယ်မြေများ ဖော်ထုတ်မည်
DVB
·
September 26, 2017
လယ်ယာမဲ့များအတွက် ကန်ဒေါ်လာ ၄ သန်းကျော်သုံး၍ လယ်မြေများ ဖော်ထုတ်မည်
Donate to DVB

လယ်ယာမဲ့တွေအတွက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်သုံးပြီး လယ်ယာမြေတွေ ဖော်ထုတ်ပေးမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

LIFT FUND ရဲ့ အကူအညီနဲ့ လယ်ယာမဲ့တွေအတွက် အခုလို လယ်ယာမြေတွေ ဖော်ထုတ်ပေးဖို့ စတင်ဆောင်ရွက်နေပြီလို့ စက်တင်ဘာ ၂၅ ရက်က ပြုလုပ်တဲ့ ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အခုလို ပြောလိုက်တာပါ။

“Lift Fund ကနေပြီးတော့ ၄ ဒသမ ၁၉ မီလီယံဒေါ်လာ ကူညီပါမယ်ပြောတယ်။ ကျူးကျော်တွေလည်း လုပ်ချင်တယ်။ မြေယာတွေလည်း ဖော်ထုတ်ပြီးတော့ လယ်ယာမဲ့သူတွေကို ပေးချင်တယ်။ ရှေ့ပြေးစမ်းသပ် လုပ်လိုက်တာဆိုတော့ တိုင်းဒေသကြီးတွေ တော်တော်များများ တင်လာတာရှိတယ်။ ၄ ဒသမ ၁၉ က ကာလပေါက်ဈေးနဲ့ဆို သိန်းငါးသောင်းကျော်ရှိတယ်။ သိန်းငါးသောင်းကျော်နဲ့ အလကားဖော်ထုတ်ပြီးတော့ လယ်မဲ့ယာမဲ့တွေ နေရချထားမယ့် အစီအစဉ်ကို အခုတလနှစ်လတွင်း စဖို့ လုပ်နေပါပြီ။ အခု အစည်းအဝေးလုပ်နေတယ်။ တိုင်းဒေသကြီးတွေကို စာပို့လိုက်တယ်။ ဘယ်နေရာမှာ ဖော်ထုတ်နိုင်မလဲ။ တိုင်းဒေသကြီးတွေက မိမိတို့ဒေသမှာ ဖော်ထုတ်မယ့်နေရာတွေကို Lift Fund နဲ့ တွဲပြီးတော့ အသင့်လျော်ဆုံးနဲ့ အဖြစ်နိုင်ဆုံးနေရာတွေကို ရွေးပြီးတော့ ဖော်ထုတ်ပေးမှာပေါ့” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ မကွေး၊ မန္တလေး၊ စစ်ကိုင်းတို့က အများဆုံးစုတင်လာပြီး ချင်းပြည်နယ်လည်း တင်လာတယ်လို့ ပြောပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ တင်လာတယ်။ တင်လာတာတွေကို ရွေးမှာပေါ့။ မျှမျှတတ ရွေးကြပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို ဖော်ထုတ်၊ ဖော်ထုတ်ပြီးရင် လယ်မဲ့ယာမဲ့ နေရာချမယ့် အစီအစဉ်ပေါ့” လို့ ဒေါက်တာအောင်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013