
မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်က အသင်းဘုတ်အဖွဲ့အနေနဲ့ နည်းပြသစ် နေရာအတွက် တခြားသူတွေနဲ့ ဆွေးနွေးနေတာဟာ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ တုံ့ပြန် လိုက်ပါတယ်။
ကာရစ်ဟာ ယူနိုက်တက်ကို ၁၄ ပွဲကိုင်တွယ်ပြီး ၁၀ ပွဲအနိုင်ရအောင် စွမ်းဆောင်ပေးကာ ချန်ပီယံ လိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ကတ်စီမီရိုနဲ့ မားသီးယပ်စ်ကူးညာတို့က ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ လူသိရှင်ကြား ထောက်ခံထားကြပါတယ်။
ကာရစ်ကတော့ ကောလာဟလတွေကို စိတ်မဝင်စားဘဲ အသင်းရဲ့ ရှေ့ဆက်ရမဲ့ အစီအစဉ်တွေ အတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
Source:Reuters











