DVB Logo
Home
မြန်မာသတင်း
UWSA  “ဝ"တပ်ဖွဲ့ အရာရှိ၊ စစ်သည် စုံတွဲ ၁၁၂ တွဲ စုပေါင်းမင်္ဂလာဆောင်
DVB
·
March 9, 2018
UWSA  “ဝ"တပ်ဖွဲ့ အရာရှိ၊ စစ်သည် စုံတွဲ ၁၁၂ တွဲ စုပေါင်းမင်္ဂလာဆောင်
1 / 6
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာ  “ဝ"နယ်တောင်ပိုင်း၊ အမှတ် (၁၇၁) စစ်ဒေသက အရာရှိ၊ စစ်သည် ၁၁၂ စုံတွဲရဲ့ စုပေါင်းမင်္ဂလာဧည့်ခံပွဲကို မတ်လ ၈ ရက်က ကျင်းပခဲ့ပါတယ်။

မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့အနီးက "ဝ"ထိန်းချုပ်မှုနယ်မြေ ဟွေအောကျေးရွာခန်းမမှာ “ဝ” စစ်သည်စုံတွဲတွေကို “ဝ”အကြီးအကဲတွေက စုပေါင်းမင်္ဂလာဆောင်အခမ်းအနားနဲ့ ဧည့်ခံပွဲ စီစဉ်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ပေးတာ "ဝ" စစ်သည်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတာဖြစ်သလို  တသက်မှာ တကြိမ် ကျင်းပခွင့်ရတဲ့ပွဲ ဖြစ်တယ်လို့ UWSA စစ်ဒေသ (၁၇၁) ရဲ့ ဒု-နိုင်ငံရေးမှူး ဦးညီကပ်က ပြောပါတယ်။

အခုလို စုပေါင်းမင်္ဂလာပွဲ အခမ်းအနား ကျင်းပတာဟာ ဘာသာရေး အယူအဆတွေအရ မဟုတ်ဘဲ ရိုးရိုး စုပါင်းဧည့်ခံပွဲကျင်းပပေးတာဖြစ်လို့လည်း ပြောပါတယ်။

မင်္ဂလာပွဲမှာ ပါဝင်တဲ့ လူမျိုးစုတွေကတော့ UWSA စစ်သားတွေဖြစ်တဲ့ “ဝ”၊ လားဟူ၊ ရှမ်းနဲ့ တရုတ်တွေလည်း ပါဝင်ပါတယ်၊

“ဝ”ဒေသမှာ အခုလို မင်္ဂလာပွဲကျင်းပတာ ၄ ကြိမ်မြောက်ပြီး ၃ နှစ်ကို တကြိမ် ကျင်းပပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။ ဒီလိုမင်္ဂလာပွဲကျင်းပခဲ့တာ ၂၀၁၆ ခုနှစ်မှာ အများဆုံးဖြစ်ပြီး စုံတွဲပေါင်း ၃၀၀ ကျော်ထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို စုပေါင်း မင်္ဂလာဧည့်ခံပွဲကို "ဝ"ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမှာလည်း ကျင်းပခဲ့ဖူးပေမယ့် အခုလို အမြောက်အမြား ကျင်းပပေးတာတော့ မရှိခဲ့ပါဘူး။

"ဝ"တောင်ပိုင်း စစ်ဒေသ (၁၇၁) ထဲမှာ လားဟူတိုင်းရင်းသား ၃၀,၀၀၀ ကျော်၊ “ဝ” တိုင်းရင်းသား ၂၀,၀၀၀ ကျော်နဲ့ ရှမ်း၊ ဗမာ၊ အာခါတိုင်းရင်းသား ၂၀,၀၀၀ ကျော်နေထိုင်ပြီး စုစုပေါင်း လူဦးရေ ၇၀,၀၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

သတင်း- ကိုဇက်၊ ဓာတ်ပုံ - ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013