DVB Logo
Home
မြန်မာသတင်း
ဓနုဖြူမြို့နယ်တွင် ကား ၃ စီးဆင့်တိုက်မှုကြောင့် ၇ ဦးသေ
DVB
·
March 4, 2018
ဓနုဖြူမြို့နယ်တွင် ကား ၃ စီးဆင့်တိုက်မှုကြောင့် ၇ ဦးသေ
1 / 5
Donate to DVB

 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးမှာ မတ်လ ၃ ရက်နေ့ ည ၈ နာရီ ခွဲလောက်က ကား ၃ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးကာ ၁၂ ဦး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဓနုဖြူမြို့မရဲစခန်းက သိရပါတယ်။

ဟင်္သာတမြို့ကနေ ရန်ကုန်ကိုသွားတဲ့ ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း မောင်းနှင်ပြီး ဘုန်းကြီး ၁ ပါး၊ ကိုရင် ၁ ပါးနဲ့ လူ ၁ ဦး စီးနင်းလိုက်ပါလာတဲ့ကားဟာ ဝါးတွေ တင်ဆောင်လာတဲ့ ကုန်ကားနောက်ပိုင်းကို တိုက်မိခဲ့ပြီး တဖက်ယာဉ်ကြောပေါ် ကန့်လန့်ရောက်သွားရာမှ ရန်ကုန်မြို့ကနေ မင်္ဂလာဆောင်ကနေပြန်လာတဲ့ Daihatsu ကားနဲ့ ဝင်တိုက်ခဲ့တာပါ။

ဘုန်းကြီး ၁ ပါး၊ ကိုရင် ၁ ပါး၊ အမျိုးသား ၃ ဦး၊ အသက် ၈ နှစ်အရွယ်နဲ့ ၅ နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တယ်လို့ ဓနုဖြူမြို့မရဲစခန်းမှုးဒုရဲမှူး အေးမင်းက ပြောပါတယ်။

“တိုက်တာကတော့ မင်္ဂလာဆောင်က ပြန်လာတဲ့ကားကနေ သူ့လမ်းသူ မောင်းလာတယ်ပေါ့။ ဟင်္သာတကနေလာတဲ့ကားက ရှေ့ကဝါးတင်ထားတဲ့ ကားကြီးနောက်ကို ဝင်တိုက်ပြီး သူဟာသူလည်ထွက်ပြီးတော့မှ တဖက်ကမျက်နှာချင်းဆိုင်လာတဲ့ ကားနဲ့ဝင်တိုက်မိတယ်ပေါ့။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဓနုဖြူဆေးရုံကနေတဆင့် ဟင်္သာတဆေးရုံတို့ ရန်ကုန်ဆေးရုံတို့ကို ပို့ထားပါတယ်။”

ဓနုဖြူ  မြို့မရဲစခန်းက ယာဉ်မောင်း ကျော်စိုးခိုင်ထွန်းကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးစေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄(က) ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013