DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်မည်
DVB
·
February 22, 2018
အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်မည်
1 / 2
Donate to DVB

အစိုးရနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးပ်ငန်းရှင်တွေ ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်သွားဖို့ စီစဉ်နေတယ်လို့  မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဖေဖော်ဝါရီ၂၂ ရက် အထူးအစည်းအဝေးမှာ အသင်းရဲ့ ဥက္ကဋ္ဌက ဆောက်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ အများပြည်သူပိုင် ကုမ္ပဏီတစ်ခုတည်ထောင်သွားဖို့ ထုတ်ဖော်ပြောခဲ့တာပါ။

ဒီအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ဝန်ကြီးဌာနတို့ ပြီးခဲ့တဲ့လက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မူအားဖြင့် သဘောတူခဲ့ကြတယ်လို့လည်း ဦးသာဌေးက ပြောပါတယ်။

ကုမ္ပဏီရဲ့ ၅၁ ရာခိုင်နှုန်းကို အစိုးရက ပိုင်ဆိုင်မှာဖြစ်ပြီး  ၄၉ ရာခိုင်နှုန်းကို ပုဂ္ဂလိကက ပိုင်ဆိုင်တဲ့ ပုံစံမျိုး ဖြစ်ဖို့များတယ်လို့ အသင်းက ဆိုပါတယ်။

လာမယ့် မတ်လ ၆ ရက်နေ့မှာ  ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ဆောက်လုပ်ရေးလောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြသွားဖို့လည်း ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်အနေနဲ့ အသင်းရဲ့ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲရေးဆွဲဖို့ လုပ်ဆောင်နေကြသလို ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013