DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်သည့် မြန်မာ့ရိုးရာမု့န်ပွဲတော်ကျင်းပမည်
DVB
·
February 9, 2018
ရေးမြို့တွင် မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်သည့် မြန်မာ့ရိုးရာမု့န်ပွဲတော်ကျင်းပမည်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်မှာ လာမယ့်မတ်လ ၃ ရက်ညနေပိုင်းကစတင်ကာ မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်မယ့် ရိုးရာမုန့်ပွဲတော် ကျင်းပသွားဖို့ရှိနေပါတယ်။

အဲဒီပွဲတော်မှာ မည်သူမဆို အခမဲ့ဝင်ရောက်စားသုံးနိုင်မှာလည်း ဖြစ်ပါတယ်။ ရိုးရာမုန့်ပွဲတော်ကို ရေးမြို့မှာ ကျင်းပလာတာဟာ အခုနှစ်က ၃ နှစ်မြောက်ရှိပြီဖြစ်ပြီး ရေးမြို့အခြေစိုက် စကားတောင်ဓမ္မစကူးလ်နဲ့ ရင်သွေးပျိုးခင်းဓမ္မစကူးလ်တို့ရဲ့ သင်တန်းဆင်းပွဲနဲ့ အတူ တပြိုင်တည်း ကျင်းပတာ ဖြစ်ပါတယ်။

စကားတောင်နဲ့ ရင်သွေးပျိုးခင်းဓမ္မစကူးလ်ကျောင်းအုပ် ဦးပညာစာရက “သင်တန်းဆင်းပွဲနဲ့အတူ မြန်မာမုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်စတုဒိသာ ကျွေးမွေးသွားမယ်။ ရိုးရာမုန့်ပွဲတော်အပြင် ဓမ္မစကူးလ်သင်တန်းဆင်းကလေးတွေရဲ့ စွမ်းရည်ပြသမှုတွေ၊ ယဉ်ကျေးမှုအကအလှတွေနဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနဲ့အညီ ခမ်းနားစွာနဲ့ ကျင်းပသွားမှာပါ။ ဓမ္မစကူးလ်ရဲ့အနှစ်သာရနဲ့တန်ဖိုးတွေကို တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး နားလည်သိရှိစေမယ့်အချက်တွေကိုလည်း အလေးထားဆောင်ရွက်သွားမှာပါ '' လို့ မိန့်ကြားပါတယ်။

မုန့်ပွဲတော်နဲ့အတူကျင်းပမယ့် သင်တန်းဆင်းပွဲမှာ ကလေးငယ်တွေရဲ့ ကဗျာ၊ ပုံပြင်နဲ့ ကျပန်းပြိုင်ပွဲ၊ စံပြမိဘအုပ်ထိန်းသူဆုပေးအပ်ပွဲ၊ အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့ ယဉ်ကျေးမှုပဒေသာယိမ်းနဲ့ ကပြဖျော်ဖြေဖို့ရှိပါတယ်။

သတင်း-ဓာတ်ပုံ- ၀င်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013