DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံမြို့ စော်ဘွားကြီး၏တူမ ဈာပန သြဂုတ် ၆ ရက်နေ့ ကျင်းပမည်
DVB
·
August 5, 2017
ကျိုင်းတုံမြို့ စော်ဘွားကြီး၏တူမ ဈာပန သြဂုတ် ၆ ရက်နေ့ ကျင်းပမည်
1 / 6
Donate to DVB

ကျိုင်းတုံမြို့ စော်ဘွားကြီးရဲ့ တူမတော်စပ်သူ စ၀်နန်းဝိလိုင်းဝမ်း အသက် ၈၃ နှစ်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ် ၂ ရက်နေ့က ဆုံးပါးသွားခဲ့ပြီး ၆ ရက်နေ့ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ဆုံးပါးသွားတဲ့ စ၀်နန်းဝိလိုင်းဝမ်းဟာ ကျိုင်းတုံမြို့ စော်ဘွားအဆက် ၄၀ မြောက် စ၀်ကွမ်ကျောက် အင်းထလှိုင်န်ရဲ့ မြေး တော်စပ်သလို ဇင်းမယ်ဘုရင်စောဝ်ကျောဝ်နဝရတ်နဲ့လည်း မြေးတော်စပ်တယ်လို့ သိရပါတယ်။

"ကျိုင်းတုံမြို့ရဲ့ နောက်ဆုံးစော်ဘွားကြီ စ၀်စိုင်းလုံက ဦးလေးတော်စပ်တယ်၊ ဆုံးပါးသွားတဲ့ စ၀်နန်းဝိလိုင်ဝမ်းက မွေးချင်း ၅ ဦးထဲက ဒုတိယမြောက် သမီးတော်ဖြစ်ပါတယ်။ ချင်းမိုင်မြို့မှာ အခြေချနေထိုင်ကြတာပါ "လို့ ကျိုင်းတုံမြို့ နေထိုင်သူတဦးက ပြောပါတယ်။

ကံတော်ကုန်သွားတဲ့ စ၀်နန်းဝိလိုင်းဝမ်း အသက် ၈၃ နှစ်ဟာ ကျိုင်းတုံစော်ဘွားကြီးရဲ့ သမီးတော် "စဝ်နန်းသုဝဏ္ဏကန်းထား"နဲ့ ဇင်းမယ် ဘုရင်ရဲ့ သားတော် "စောဝ်အင်းထနွန်း" တို့မှ မွေးဖွားခဲ့တဲ့ သမီးတော်ဖြစ်တယ်လို့ သိရပြီး သြဂုတ် ၂ ရက်နေ့ ထိုင်းစံတော်ချိန် ည ၉ နာရီက နေအိမ်မှာ ကံကုန်ခဲ့တာလို့ သိရပါတယ်။

စ၀်နန်းဝိလိုင်ဝမ်းရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတော့ သြဂုတ် ၆ ရက်နေ့ ချင်းမိုင်မှာ ဖထပ်လုံ စေတီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

အဘိုးဖြစ်သူ ကျိုင်းတုံစော်ဘွားကြီး စဝ်ကွမ်ကျောက် အင်းထလိုင်းက ၁၈၇၃ မှာ မွေးဖွားခဲ့ပြီး ၁၈၉၆ ခုနှစ်မှာ နန်းတက်ခဲ့ကာ ၁၉၃၅ ဇူလိုင် ၂၁ ရက်နေ့မှာ ကံတော်ကုန်ခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံမြို့ရဲ့ နောက်ဆုံးစော်ဘွားကြီး စဝ်စိုင်းလုံကတော့ ၁၉၅၉ ခုနှစ်မှာ အာဏာစွန့်ခဲ့ပြီး ၁၉၉၇ ခုနှစ် ရန်ကုန်မြို့မှာ ကံတော်ကုန်ခဲ့တယ်လို့ သိရပါတယ်။

သတင်း-ကိုဇက်၊ ဓာတ်ပုံ-ကိုကျော်ရဲမြင့်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013