DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့ နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပမည်
DVB
·
January 13, 2018
လပွတ္တာမြို့ နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပမည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တည်ထောင်တဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်တွေကို ၂၀၁၈ ခုနှစ်အတွင်းမှာ လစဉ်ကျင်းပပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီက သိရပါတယ်။

လပွတ္တာမြို့အဖြစ် ၁၉၁၈ ခုနှစ်မှာ စတင်သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး အခုနှစ်ဟာနှစ် ၁၀၀ ပြည့်မြောက်တာ ဖြစ်တဲ့အတွက် ဇန်နဝါရီလ ကနေစပြီး နှစ်ကုန်အထိကို လစဉ် တရားပွဲတွေ၊ စာပေဟောပြောပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို တနှစ်ပတ်လုံးပြုလုပ်သွားမယ်လို့ လပွတ္တာမြို့ နှစ် ၁၀၀ ပြည့် ပွဲတော်ကျင်းပရေးဦးစီးကော်မတီက ဆိုပါတယ်။

“နှစ် ၁၀၀ ပြည့်ဖြစ်တဲ့အတွက်ကြောင့် အဲဒါကို ထူးထူးခြားခြားလေးဖြစ်စေချင်တယ်။ နောက်တခုက လက်ရှိ ရှိနေတဲ့သူ အားလုံးရဲ့သက်တမ်းတလျှောက်မှာ နှစ် ၁၀၀ ကို ဒီတစ်ကြိမ်ပဲ ကြုံကြရတော့မှာလေ။ ဒါကြောင့် ထူးထူးခြားခြားကျင်းပမယ်။ နောင်လာနောင်သားတွေလည်း ဒီပွဲလေးကို မှတ်မှတ်ရရ ကျန်စေချင်တယ်။ မှတ်တမ်းလေးတခုလည်း ကျန်ခဲ့စေချင်တယ်။ ကျနော်တို့တွေ နှစ် ၁၀၀ ပြည့်ပွဲကို ဒီလိုလုပ်ခဲ့တယ်ဆိုတာ နောက်လူတွေအတွက် ထားခဲ့မယ်၊ အရှေ့မှာရှိခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ကျန်ခဲ့စေချင်တယ်” လို့ လပွတ္တာမြို့ နှစ် ၁၀၀ ပြည့် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ပြန်ကြားရေးနဲ့ လှုံ့ဆော်ရေးဥက္ကဋ္ဌ ဦးဇော်မင်းသန်း က ပြောပါတယ်။

ပွဲတော်ကျင်းပဖို့ကိုတော့ လပွတ္တာမြို့သူမြို့သားတွေနဲ့ အဝေးရောက်လပွတ္တာမြို့သူ မြို့သားတွေက ရရှိတဲ့ အလှူငွေတွေနဲ့ ကျင်းပတာဖြစ်ပြီး မသိရှိသေးတဲ့ အဝေးရောက် လပွတ္တာ မြို့သူမြို့သားတွေလည်း လပွတ္တာမြို့ နှစ် ၁၀၀ ပြည့် ပွဲတော် ကျင်းပရေးဦးစီးကော်မတီဖုန်း ၀၉ ၇၇၇၇၇၆၅၄၃ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

လပွတ္တာမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး လူဦးရေ ၃ သိန်းကျော် လက်ရှိနေထိုင်ပြီး အများစုးကတော့ ရေလုပ်ငန်း၊ ဆားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို အဓိကထား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေထိုင်ကြတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013