DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် တောင်သူ ၁၈ ဦးကို မြေယာလျော်ကြေးငွေများ ပေးအပ်
DVB
·
February 3, 2018
မုံရွာတွင် တောင်သူ ၁၈ ဦးကို မြေယာလျော်ကြေးငွေများ ပေးအပ်
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မုံရွာမြို့နယ်က တောင်သူ ၁၈ ဦးကို မြေယာလျော်ကြေးငွေ ပထမအကြိမ်အဖြစ် ပေးအပ်ခဲ့ပါတယ်။

မုံရွာမြို့နယ်၊ အလုံတောင်ကွင်း၊ ကွင်းအမှတ် ၃၂၇ မှ မြေဧက ၁၁.၀၇ ဧကကို ထမံသီရေအားလျှပ်စစ်စီမံကိန်း ကြားစခန်းအတွက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ စူးစမ်းလေ့လာရေးဌာနခွဲက လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က သိမ်းဆည်းခဲ့တာပါ။

အဲဒီထဲက အဆင့်ဆင့်စိစစ်ပြီး ရုံးအဆောက်အဦမရှိတဲ့ မြေကွက်အချို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဖေဖော်ဝါရီ ၂ ရက် မနက်က မြေယာလျော်ကြေးပေးအပ်ခဲ့တာပါ။

လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ကျော်က "ရုံးအဆောက်အဦမရှိတဲ့ ၃ ဧကကို ပြန်ပေးမှာပါ။ ရုံးအဆောက်အဦတွေ ဆောက်ထားတာကတော့ ၇ ဧကကျော်ရှိတာပေါ့။ အဲဒါတွေကိုတော့ ခုလို လျော်ကြေးပေးမယ်။ ပြီးရင် ဌာနပိုင်ဂရန် ပြန်လုပ်မယ်ပေါ့။ စုစုပေါင်း ၁၂၉ ဦးထဲက ၉၆ ဦးကို မြေယာလျော်ကြေးပေးမယ်။ ကျန်တာကတော့ မြေကွက်ပြန်ပေးမှာပါ။ အခုပေးတာက ပထမအကြိမ်အဖြစ် မြေကွက် ၃၃ ကွက်၊ တောင်သူ ၁၈ ဦးပေါ့။ ဒုတိယအကြိမ်စိစစ်ပြီးတော့ ၂၄ ဦးအတွက်လည်း ရန်ပုံငွေတောင်းခံထားပါတယ်။ တတိယ အကြိမ်ကတော့ စိစစ်နေဆဲပါ” လို့ပြောပါတယ်။

အထောက်အထားခိုင်လုံတဲ့ တောင်သူ ၁၈ ဦးရဲ့ မြေယာအကွက် ၃၃ ကွက်ကို တစ်ကွက်လျှင် ၅၅ သိန်းကျပ်နှုန်းနဲ့ ကျပ် ၁၈၁၅ သိန်းကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တောင်သူတွေထက်ထဲကို ပေးအပ်ခဲ့ပါတယ်။

မြေယာလျော်ကြေးတွေကို မုံရွာမြို့နယ် မြေနေရာကာလတန်ဖိုးစိစစ်ရေးအဖွဲ့ရဲ့ သတ်မှတ်နှုန်းထားဖြစ်တဲ့ ၁ ဧကကို ကျပ်သိန်း ၁ ထောင်နှုန်းနဲ့ လျော်ကြေးငွေပေးနေ တာဖြစ်ပါတယ်။

ဒီမြေနေရာတွေအတွက် ဦးစီးဌာနက လျော်ကြေးပေးမှာဖြစ်တဲ့အတွက် လာရောက်ဆက်သွယ်ကြဖို့ ၂၀၁၇နိုဝင်ဘာ ၃ ရက်က မြန်မာ့အလင်းသတင်းစာမှာ ကြော်ငြာတွေထည့်သွင်းခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ ၆၉ ဦး ဆက်သွယ်လာတယ်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကန့်ဘလူ၊ ကလေး၊ ရွှေဘို၊ မုံရွာ စတဲ့နယ်တွေမှာ မြေယာဧက ၁၀၀၀ ကျော်ကို ပြန်လည်ပေးအပ်ပြီးဖြစ်တယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမြေယာပြဿနာ ၁၀၀၀လောက်ရှိတဲ့အထဲက ၇၀ လောက်သာ ဖြေရှင်းဖို့ကျန်တော့တာဖြစ်ပြီး ကျန်နေသေးတဲ့မြေယာပြဿနာတွေကိုလည်း အခုနှစ် ၈ လပိုင်းမှာ အပြီးဖြတ်ဖို့ ဗဟိုမြေစစ်အဖွဲ့က လမ်းညွှန်ထားတယ်လို့ တိုင်းမြေစစ်အဖွဲ့ထံကသိရပါတယ်။

ခရိုင်အဆင့်က မြေယာပြဿနာတွေကိုလည်း အမြန်ဆုံးတင်ပြကြဖို့ကို ညွှန်ကြားထားတာတွေ လည်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013