DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ဖုန်းဆိုင် မီးရှို့ရန်ကြံစည်သည့် ကျောင်းသား ၃ ဦးကို ဖမ်းဆီး
DVB
·
November 26, 2017
မုံရွာတွင် ဖုန်းဆိုင် မီးရှို့ရန်ကြံစည်သည့် ကျောင်းသား ၃ ဦးကို ဖမ်းဆီး
Donate to DVB

မုံရွာမြို့ အလုံဈေးထောင့်မှာ ဖွင့်လှစ်ထားတဲ့ “မိုး” အမည်ရှိ ဖုန်းဆိုင်ကို ဆယ်ကျော်သက် လူငယ် ၃ ဦးကနေ ဖယောင်းတိုင်မီးအသုံးပြုပြီး မီးရှို့ဖို့ကြံစည်မှုတစ်ခု နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အခုလို မီးရှို့ဖို့ကြံစည်နေတာကို ဈေးလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်နေသူတဦးက မြင်သွားပြီး ရဲစခန်းကိုအကြောင်းကြားရာမှ ပြုလုပ်သူများကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆိုင်သော့ကို မီးရှို့နေတာ။ မြင်တဲ့သူက အကြောင်းကြားလို့ သွားဖမ်းတော့ ထွက်ပြေးတယ်။ ဒါနဲ လိုက်ဖမ်းတော့ အလုံအထက်တန်းကျောင်းနားမှာ ဖမ်းမိတယ်။ အခုတော့ အချုပ်ထဲ ထည့်ထားပါတယ်” လို့ မုံရွာမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းမိတဲ့လူငယ်တွေကတော့ သူရအောင်၊ မိုးထက်ကျော် နဲ့ ကျော်ဇင်ခန့် တို့ဖြစ်တယ်လို့သိရပြီး ဘော်ဒါဆောင်တစ်ခုမှာ တက်ရောက်နေတဲ့ အထက်တန်း ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မုံရွာမြို့မရဲစခန်းက ဆိုင် မီးရှို့ဖို့ ကြံစည်သူ ၃ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၃၆ / ၁၁၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013