DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မိုးသည်းထန်စွာရွာသွင်းမှုကြောင့် ကြက်သွန်ခင်းများ ရေနစ်မြုပ်ပျက်စီး
DVB
·
October 14, 2017
မုံရွာတွင် မိုးသည်းထန်စွာရွာသွင်းမှုကြောင့် ကြက်သွန်ခင်းများ ရေနစ်မြုပ်ပျက်စီး
Donate to DVB

မုံရွာမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ကျေးရွာတချို့က ကြက်သွန်ခင်းအများပြား ရေနစ်မြုပ်ပျက်စီးသွားပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က စတင်ပြီး နေ့စဉ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွင်းခဲ့တာတွေကြောင့် မုံရွာမြို့နယ်တွင်း ကျေးရွာတချို့က စိုက်ပျိုးနေဆဲ ကြက်သွန်ပျိုးပင်တွေ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“ကြက်သွန်က အခုမှ ပျိုးထားရတာ။ မိုးက တော်တော်များတော့ စိုက်ခင်းတွေ အကုန်ရေမြုပ်ကုန်ပြီး အပင်ပေါက်လေးတွေက ရိပြီး ပုပ်ကုန်တယ်။ ဒီနှစ် အဆိုးဆုံးပဲ။ ပျိုးဖိုးရော၊ အလုပ်သမားခရော အကုန်ရှုံးတာပေါ့။ ပျိုးပင်ပျက်စီးမှုပမာဏကတော့ ဘယ်လောက်ရှိမလဲဆိုတာ ရေပြန်ကျသွားမှ အတိကျတွက်နိုင်မယ်။ သူက ၂ ရက်လောက်ဆို ပုပ်ပြီဆိုတော့ တော်တော်များများ ပျက်စီးတယ်ဆိုတာတော့ ယေဘုယျအနေနဲ့ ပြောနိုင်ပါတယ်” လို့ မုံရွာမြို့နယ် ကျွဲရဲ ကျေးရွာမှ ကိုတင့်လွင်က ပြောပါတယ်။

လက်ရှိမှာတော့ ကြက်သွန်ဟာ ပွဲရုံသွင်းဈေး ၁၈၀၀ ဝန်းကျင်ရှိပြီး အပြင်မှာတော့ ၂၀၀၀ ကျော်ဈေးပေါက်တယ်လို့ သိရပါတယ်။

အခုလို ကြက်သွန်ခင်းတွေ ရေမြုပ်ပျက်စီးရတဲ့ ကျေးရွာတွေကတော့ ကျွဲရဲ၊ ရှည့်ငဆယ်၊ တောင်ပလူ၊ ခိုးသန်း၊ ကျောက်ဆစ်ပုံ နဲ့ အက်တော စတဲ့ကျေးရွာတွေပဲ ဖြစ်ပါတယ်။

အဆိုပါ ကျေးရွာတွေဟာ မုံရွာခရိုင်မှာ ကြက်သွန်အများဆုံး စိုက်ပျိုးတဲ့ ကျေးရွာတွေဖြစ်သလို ကြက်သွန်ထွက်အား အကောင်းဆုံး ကျေးရွာတွေလည်း ဖြစ်ပါတယ်။ ကြက်သွန်စိုက်ဧကပေါင်း ထောင်ချီ ရှိတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013