DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပိုများလာ
DVB
·
December 10, 2017
တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပိုများလာ
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေမှာ အမျိုးသမီး အကြမ်းဖက်ခံရမှုတွေ တော်တော်များတယ်လို့ လူငယ် သင်ကြားရေးစင်တာ(ဘားအံ) အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းမြင့်အောင်က ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းက ဘားအံ့မြို့ ဇွဲကပင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး၊ ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားမှာ ပြောကြားလိုက်တာပါ။

“တိုင်းရင်းသား လက်နက်ကိုင်တွေကျတော့ နယ်စပ်မှာ သူတို့နေတာများတယ်။ ကျမတို့ ချိတ်ဆက်တာရှိတယ်။ သူတို့ဖက် နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတွေ တော်တော်များတယ်။ အဓိက ဘာကြောင့် အကြမ်းဖက်မှုတွေများသလဲဆို ပညာရေးနှိမ့်ကျတဲ့အတွက် ကျမတို့ မြန်မာနိုင်ငံမှာ ပြောမယ်ဆို ပညာရေးစနစ်က တော်တော်လေး နှိမ့်ကျတဲ့အတွက် အဓိက လူတွေရဲ့အသိပညာ ဗဟုသုတပေါ့။ ကျမတို့ ဒီထက်မက အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ တစ်ခုတည်း လုပ်တာမကဘဲနဲ့ ကျမတို့က ပညာရပ်ပိုင်းပေးဖို့ အများကြီးလိုအပ်တယ်”လို့ ပြောပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ပတ်ဝန်းကျင်မှာ ပြန်လည်ရပ်တည်နိုင်အောင် ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသင့်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသမီး လူငယ် နန်းနန္ဒာအောင် က ပြောပါတယ်။

“တကယ်လို့ အကြမ်းဖက်ခံရတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ပိုပြီးတော့ အားပေးဖို့လိုတယ်။ သူတို့တွေကို စာများများ ဖတ်စေချင်ပါတယ်။ ဒီလို ပွဲတွေကို များများတက်စေချင်ပါတယ်။ ပြီးလို့ရှိရင် ခံခဲ့ရတဲ့ လူငယ်တွေကိုလည်း ကိုယ်ရဲ့ မိဘပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကပါ မနှိမ့်ချပဲနဲ့ သူတို့တွေကို ပြန်ပြီးတော့ မားမားမတ်မတ်ဖြစ်အောင် ထောက်ပံ့မှုတွေပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ကျား မ ရေးရာခွဲခြားမှုနဲ့ ကျား မ ရေးရာအကြမ်းဖက်မှု လျော့ချရေး၊ အမျိုးသား အမျိုးသမီး တဦးနဲ့ တစ်ဦးအပေါ် အလေးထားပြီး ကိုယ်ချင်းစာတရား များလာအောင်၊ လှုပ်ရှားမှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို လျော့ချနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

အဆိုပါ အခမ်းအနားမှာ အမျိုးသမီအကြမ်းဖက်မှု ၁၆ ရက်တာ လှုပ်ရှားမှု သမိုင်း၊ ကျား မ ရေးရာ အကြမ်းဖက်မှုအကြောင်း၊ ဥပဒေ ရေးရာ အမေး အဖြေ၊ ကျား/မ ရေးရာနှင့် ကျန်းမာရေး စောင့်ရှာက်မှု အမေး အဖြေတွေကို အပြန်အလှန်ဆွေးနွေးပြီး ကရင် ရိုးရာအက၊ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013