
ဖူဟမ်အသင်းဟာ မန်ယူအသင်းအပေါ် အနိုင်ပွဲရရှိဖို့ နီးစပ်ခဲ့ပေမဲ့ ပွဲနှောင်းပိုင်းမှာ ကူညာရဲ့ ကန်သွင်းချက်ကြောင့် တဖက် ၁ ဂိုးစီနဲ့ သရေကျကာ တမှတ် ရသွားခဲ့ပါတယ်။
နည်းပြ မိုက်ကယ်ကားရစ်ရဲ့ အသင်းဟာ ဒီပွဲမှာ နောက်ခံလူ မာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိမှုကြောင့် ရှုံးနိမ့်နေရာကနေ ပွဲပြီးခါနီးမှာ နောက်ကျ ချေပဂိုးရပြီး သရေတမှတ်ကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ဖူဟမ်နည်းပြအာဘီလိုအာဟာ အလွန်အမင်း ဒေါသထွက်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ မန်ယူအသင်းကို မရှုံးစေချင်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။
ပွဲစဉ်အတွင်း ဆုံးဖြတ်ချက်အားလုံးက မန်ယူဘက်ကိုသာ ရောက်သွားခဲ့တယ်လို့ သူက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖူဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၈၉ မိနစ်မှာ မန်ယူကစားသမား ကူညာရဲ့ လမ်းကြောင်းပြောင်းသွားတဲ့ ကန်ချက်ကြောင့် သရေကျခဲ့ကာ အဖိုးတန် သရေတမှတ် ရရှိသွားပါတယ်။
ဒီရလဒ်ကြောင့် ဖူဟမ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲကို ရရှိမဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။
ပွဲအပြီးမှာ မန်ယူနည်းပြ ကားရစ်ကတော့ အသင်းမှာ လက်ရှိရလဒ်ကနေ ပြန်လည်ရုန်းထွက်နိုင်မဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေ အလုံအလောက် ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။











