DVB Logo
Home
မြန်မာသတင်း
မင်းပြားနှင့် ပေါက်တောမြို့ နာမည်များကို အဉ္စနပူရမြို့နှင့် ဝီရဌာနီမြို့ဟု ပြောင်းလဲ
DVB
·
July 28, 2026
Photo: google map
Photo: google map
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နဲ့ ပေါက်တောမြို့တို့ကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက ဇူလိုင် ၂၈ ရက် မနက်ပိုင်းက မြို့နာမည်အသစ် တရားဝင် ပြောင်းလဲလိုက်ပြီလို့ ULA/AA နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

မင်းပြားမြို့ကို အဉ္စနပူရမြို့လို့ နာမည်သစ် ပြောင်းလိုက်သလို ပေါက်တောမြို့ကိုလည်း ဝီရဌာနီလို့ ပြောင်းလဲလိုက်ကြောင်း ဒေသခံတွေနဲ့ ဒေသအာဏာပိုင်တွေဆီက သိရပါတယ်။

မင်းပြားမြို့ဟာ လေးမြို့မြစ်ကမ်းမှာ တည်ရှိတာကြောင့် လေးမြို့မြစ် (အဉ္စန နဒီမြစ်) ကို အစွဲပြုပြီး အဉ္စနပူရမြို့လို့ ရခိုင်အငွေ့အသက်ပါတဲ့ နာမည်ပြောင်းလိုက်တာဖြစ်သလို ပေါက်တောမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲမှာ အသက်၊ သွေး၊ ချွေးတွေကို ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တော်တွေကို အစွဲပြုပြီး ဝီရဌာနမြို့ (သူရဲကောင်းတို့မြို့) လို့ အမည်သစ် ပြောင်းလဲလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မြို့နာမည် အမည်ပြောင်းလဲလိုက်တဲ့ မြို့နှစ်ခုလုံးမှာ မြို့ဝင် ဆိုင်းဘုတ်အသစ်တွေကို စိုက်ထူလိုက်ပြီး မြို့နာမည်ပြောင်းခြင်း အထိမ်းအမှတ်ပွဲကို ဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၇ ချက် ပစ်ဖောက်ပြီး ဖွင့်လှစ်ခဲ့ကြတာလို့ သက်ဆိုင်ရာမြို့နယ် ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့ခံ အမျိုးသားတယောက်က “မြို့အမည်ကို ဒီကနေ့ မနက်ပိုင်းက တရားဝင် ဖွင့်ပွဲတွေ လုပ်ပြီး ပြောင်းလိုက်ပြီ။ ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ အမြောက်တွေ ပစ်ဖောက်ပြီး ဖွင့်ပွဲလုပ်လိုက်တာ။ အဉ္စနပူရ ဆိုတာက ရှေးခတ် ရခိုင်ဘုရင်တွေ ခေတ်ကတည်းက ရှိတဲ့ နာမည်တွေဆိုတော့ ရခိုင်အငွေ့အသက်ပါတဲ့ နာမည်တွေ ပြောင်းလိုက်တာကိုတော့ ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ လူကြီးတွေက ကောင်းမယ်ထင်လို့ လုပ်ကြတာပဲ” လို့ ပြောပါတယ်။

ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ပေါက်တောမြို့ကို ဝီရဌာနီမြို့ ဆိုပြီး မြို့နာမည်ပြောင်းပွဲ အခမ်းအနား ကို ဒေသအာဏာပိုင်တွေနဲ့ မြို့မိ မြို့ဖတွေ၊ မြို့ခံတွေ ပူးပေါင်းပြီး အခမ်းအနားပြုကာ ဖွင့်လှစ် ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013