
မန်ယူနိုက်တက်အသင်းရဲ့ စုစုပေါင်း ကြွေးမြီဟာ ပေါင် ၁ ဒသမ ၂၉ ဘီလီယံအထိ ရှိနေပြီး အနာဂတ် ကွင်းသစ်ကြီး ဆောက်လုပ်ဖို့အတွက်လည်း ပေါင် ၂ ဘီလီယံကျော် ကုန်ကျမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အသင်းရဲ့ စီအီးအို အိုမာဘာရာဒါကတော့ ကြွေးမြီတွေကို စနစ်တကျ စီမံခန့်ခွဲရင်း အောင်မြင်မှုတွေ ဆက်လက် ရယူသွားမယ်လို့ အာမခံလိုက်ပါတယ်။
မန်ယူနိုက်တက် အနေနဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့အညီ ရေရှည် တည်တံ့အောင် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။
ကွင်းသစ် စီမံကိန်းကို ဖော်ဆောင်စဉ်မှာပင် ဆုဖလားတွေရယူနိုင်ရေး အဓိက ပန်းတိုင်ကို လက်လွှတ်မှာ မဟုတ်ကြောင်းလည်း ဘာရာဒါက အတည်ပြုခဲ့ပါတယ်။











