DVB Logo
Home
မြန်မာသတင်း
မကွေးမြို့မရဲစခန်းမှ အချုပ်သား ၆ ဦး အချုပ်အခန်းဖောက် ထွက်ပြေး
DVB
·
October 12, 2017
မကွေးမြို့မရဲစခန်းမှ အချုပ်သား ၆ ဦး အချုပ်အခန်းဖောက် ထွက်ပြေး
Donate to DVB

မကွေးတိုင်းဒေသကြီး မကွေးမြို့မရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်သား ၆ ယောက်ဟာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

ရဲစခန်းမှာ အချုပ်ခန်း ၁၂ ခုရှိပြီး အခန်း ၆ မှာ ချုပ်ထားတဲ့ တရားခံ ၆ ယောက် ထွက်ပြေးသွားတာပါ။

မုံရွာမြို့မရဲစခန်းမှူး ဒု-ရဲမှူးဝင်းကျော်က “စီစီတီဗွီကြည့်အရတော့ မနက် ၃ နာရီ ၃ မိနစ်လောက်က ဖြစ်ပါတယ်။ အိမ်သာထဲမှာက စီစီတီဗွီ မရှိဘူးလေ။ သံတိုင်တွေကို ဖြတ်ပြီး အချုပ်ခန်း အဆောင်နှစ်ခုကြားမှာ မိုးထားတဲ့ သံဆူးကြိုးတွေအပေါ်က ထွက်ပြေးတာ။ တာဝန်ကျ ကင်းမှူးနဲ့ တပ်သားတွေကိုတော့ ချုပ်ထားပါတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားသူတွေကတော့ မုဒိမ်းမှုနဲ့ အချုပ်ခံနေရသူ ၄ ယောက်၊ ခိုးမှုနဲ့ ၁ ယောက်၊ မူးယစ်မှုနဲ့ ၁ ယောက် ဖြစ်ပါတယ်။

“အခုတော့ နယ်ထိန်းတွေ လိုက်ပြီး စုံစမ်းဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။ သူတို့က အသက် ၁၈ က ၂၄ နှစ်အရွယ် လူငယ်တွေပါ။ သူတို့နေခဲ့တဲ့အခန်းမှာ အချုပ်သား ၁၅ ယောက် ရှိပါတယ်” လို့ စခန်းမှူးက ပြောပါတယ်။

မကွေးမြို့မရဲစခန်းမှာ အချုပ်ခန်းကိုဖောက်ပြီး အချုပ်သား ထွက်ပြေးသွားတာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013