ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ သရေကျခဲ့ပြီးနောက် ဝုဗ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၈ နှစ်ကြာ ရပ်တည်မှုအပြီး ချန်ပီယံရှစ်ကို တရားဝင် တန်းဆင်းသွားခဲ့ရပါတယ်။
ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ ဝုဗ်ဟာ ပွဲပေါင်း ၃၃ ပွဲ ကစားအပြီးမှာ ၁၇ မှတ်သာ ရရှိထားပြီး လက်ကျန်ပွဲစဉ်တွေမှာ အမှတ်မီဖို့ မဖြစ်နိုင်တော့တာကြောင့် တန်းဆင်းခဲ့ရတာပါ။
နည်းပြ ရော့ဘ်အက်ဒဝပ် လက်ထက်မှာ ရလဒ်အချို့ ပြန်ကောင်းလာခဲ့ပေမဲ့ ရာသီအစပိုင်း ရမှတ်နည်းပါးခဲ့တဲ့ဒဏ်ကို မခံနိုင်ခဲ့ဘဲ အခုလို တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။
အသင်းဥက္ကဋ္ဌ နေသန်ရှီး ကတော့ အခုအချိန်ဟာ စိတ်ပျက်စရာကောင်းပေမဲ့ လာမဲ့ရာသီမှာ ပရီးမီးယားလိဂ်ကို ချက်ချင်းပြန်တက်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။










