
ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်ဟာ မနေ့ညက ဆဲလ်တာဗီဂိုနဲ့ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းအပြီး ပေါင်နောက်ကြော ဒဏ်ရာရရှိသွားခဲ့လို စပိန်အသင်းအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။
အသက် ၁၈ နှစ်အရွယ် လာမိန်းယာမဲလ်ဟာ ဂိုးသွင်းပြီးနောက်မှာပဲ ဒဏ်ရာကြောင့် လူစားလဲ ခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ ၅၀ ရက်အလိုမှာ အခုလို ဖြစ်ပွားခဲ့တာပါ။
ကနဦးသတင်းတွေအရ ယာမဲလ်ဟာ ကြွက်သားပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်နိုင်ပြီး ဒဏ်ရာ အဆင့်ပေါ်မူတည်ကာ အနားယူရမဲ့ကာလ ကွာခြားနိုင်ပါတယ်။
တကယ်လို့ ဒဏ်ရာအဆင့်ပြင်းထန်ရင် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရနိုင်တာကြောင့် စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို လွဲချော်မှာကို စပိန်တာဝန်ရှိသူတွေက စိုးရိမ်နေကြတာပါ။
ယာမဲလ်ဟာ ဒီရာသီ ဘာစီလိုနာအတွက် ၄၄ ပွဲကစားထားရာမှာ ၂၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ပေးထားတဲ့ အဓိကကစားသမားဖြစ်ပါတယ်။
Photo:Reuters










