ချယ်လ်ဆီးအသင်းဟာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ နည်းပြ လီယမ်ရိုဆင်နီယာကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘဲ ဆက်လက်ထောက်ခံသွားဖို့ ဆုံးဖြတ်ထားပါတယ်။
တကယ်လို့ အသင်းအနေနဲ့ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင်တောင်မှ ဇန်နဝါရီမှာမှ ရောက်ရှိလာတဲ့ ရိုဆင်နီယာကို အပြစ်တင်မှာ မဟုတ်ဘူးလို့ အသင်းဘက်က ဆိုပါတယ်။
ဒါ့အပြင် လာမဲ့နွေရာသီ အပြောင်းအရွှေ့တွေမှာလည်း အရင်နည်းပြ မာရက်စကာထက်စာရင် ရိုဆင်နီယာကို ကစားသမားသစ် ရွေးချယ်မှုအပိုင်းမှာ ပိုပြီး လုပ်ပိုင်ခွင့်ပေးသွားမှာပါ။
လက်ရှိမှာ ချယ်လ်ဆီးဟာ အဆင့် ၆ နေရာမှာ ရှိနေပြီး အဆင့် ၅ က လီဗာပူးနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။
အသင်းရဲ့ အဓိကပြဿနာက ခံစစ်ပိုင်းဖြစ်ပြီး ၉ ပွဲဆက်တိုက် Clean Sheet မရရှိခဲ့တဲ့အတွက် နွေရာသီမှာ ဗဟိုနောက်ခံလူသစ် ရှာဖွေဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။








