DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ဆရာမများကို အစိုးရ၀န်ထမ်းအဖြစ် တရားဝင်ခန့်မည်
DVB
·
September 29, 2017
တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ဆရာမများကို အစိုးရ၀န်ထမ်းအဖြစ် တရားဝင်ခန့်မည်
Donate to DVB

မြန်မာတနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားဘာသာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အစိုးရ၀န်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမယ်လို့ သိရပါတယ်။

တိုင်းရင်းသားစာပေတွေကို အခြေခံပညာ ပြဋ္ဌာန်းစာအုပ်တွေမှာ ထည့်သွင်းသင်ကြားနိုင်ဖို့ ကြိုးပမ်းနေပြီး လတ်တလောမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို သတ်မှတ်ထားတဲ့ အရည်အချင်းအလိုက် အစိုးရ၀န်ထမ်းအဖြစ် လစာပေးပြီး ခန့်အပ်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားရေးရာ ၀န်ကြီးဌာန၊ စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနနဲ့ညှိပြီးတော့ လက်ရှိ တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေကို နေ့စားလပေးအနေနဲ့ ခန့်ထားမယ်။ သူတို့က ပညာရေးဝန်ကြီးဌာနရဲ့ ၀န်ထမ်းဖြစ်သွားမှာပေါ့။ နေ့စားလပေးတွေက နေ့စားခရမှာပေါ့။ Permanent ဖြစ်သွားရင်တော့ မူလတန်းပြဆိုရင် မူလတန်းပြလခ ရမှာပေါ့။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကိုလည်း စာပို့ထားပါတယ်။”

တိုင်းရင်းသားဘာသာသင်ကြားနေတဲ့ ဆရာ၊ဆရာများမှ အသက် ၃၅ နှစ်အောက် ဘွဲ့ရရှိထားသူတွေကို ဆရာဖြစ်သင်တန်းတက်ရောက်စေပြီး အစိုးရ၀န်ထမ်းတွေ နည်းတူ လစာခံစားခွင့်ပေးသွားမှာ ဖြစ်ကြောင်း၊ သတ်မှတ်ထားတဲ့ အရည်အချင်း မပြည့်မီသူတွေကို နေ့စားလပေးအဖြစ် ခန့်အပ်သွားမှာဖြစ်ပြီး လိုအပ်ပါက တိုင်းရင်းသားဘာသာ နားမလည်တဲ့ ဆရာ၊ဆရာမတွေကို ဘာသာပြန်ပေးရမယ်လို့ ဆိုပါတယ်။

“ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရကိုတော့ ဆရာတို့ ၀န်ကြီးဌာနကို ၁၀ လပိုင်းအကုန်လောက် စာအရောက်ပြန်ပို့ပေးဖို့ မေတ္တာရပ်ခံထားတယ်။ ဆရာတို့ဆီကို ရောက်လာမှ ၁၁ လပိုင်း လဆန်းလောက် ဆရာတို့ဌာနကနေ ပညာရေးဝန်ကြီးဌာနကို လက်မှတ်ထိုးပြီးပို့မှ ပညာရေးဝန်ကြီးဌာက အော်ဒါထုတ်ပေးမှာပါ။”

ထိုကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ်ပညာရေးမှူးရုံးအနေနဲ့ မသိရှိကြောင်းနဲ့ ညွှန်ကြားစာ တစုံတရာ မရှိသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က ပြောပါတယ်။

တိုင်းရင်းသားဘာသာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေမှာ ယခင် ထောက်ပံ့ကြေး တလကို ၃၀၀၀၀ သာ ရရှိတဲ့အတွက် ၀န်ထမ်းအဖြစ်အသိအမှတ်ပြုပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

မွန်အမျိုးသားကျောင်းမှ အထက်တန်းကျောင်းအုပ်ဆရာမကြီးဟောင်း မိလ၀ီဟံက “အဲဒီလိုခန့်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ကျမတို့ကိုတရားဝင်အသိအမှတ်ပြုတယ်လို့ သဘောထားတယ်။ အရင်ကလည်း တောင်းဆိုခဲ့တာတွေရှိတယ်။ ကျမတို့က မွန်စာသင်တဲ့ ဆရာ၊ဆရာမ သီးသန့်တောင်းဆိုတာ မဟုတ်ဘူး။ ကျမတို့ မွန်ပညာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဆရာ၊ဆရာတွေကို အသိအမှတ်ပြုပေးဖို့ ကျမတို့ အမြဲတမ်း တောင်းဆိုတာပါ” လို့ ပြောပါတယ်။

လက်ရှိမြန်မာတနိုင်ငံလုံးမှာ တိုင်းရင်းသားဘာသာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေ သောင်းနဲ့ချီရှိနေပြီး အခြေခံပညာကျောင်းတွေရဲ့ ကျောင်းချိန်ပြင်ပမှာ သင်ကြားပေးနေရတာ ဖြစ်ပါတယ်။

သတင်း-အာကာမင်း

ဓာတ်ပုံ-Minmin Nwe / NH Ag

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013