DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြား
DVB
·
September 28, 2017
မော်လမြိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြား
Donate to DVB

မွန်ပြည်နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေထဲမှာ ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ အများဆုံးဖြစ်ပွားနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်မှူး ဒေါက်တာဉာဏ်ဆင့်ကပြောပါတယ်။

“ဒီရောဂါ အကြောင်းပြောရင် လူဦးရေနဲ့လည်း ဆိုင်ပါတယ်။ မော်လမြိုင်မြို့နယ်က ၁၀ မြို့နယ်ထဲမှာ အများဆုံးပါ။ ဒီရောဂါဆိုတာကလည်း ကျေးလက်ဆန်တဲ့နေရာမှာ ဖြစ်တယ်ဆို ပေမယ့်လည်း မြို့ပြဆန်တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် မြို့ပြတွေမှာ ရေသိုလှောင်ထားတွေ ရှိမယ်။ ရေတင်၊ ရေဝပ်နိုင်တဲ့ ပစ္စည်းတွေရှိမယ်ဆိုတော့ ခြင်ပေါက်ဖွားတဲ့ နေရာတွေက ပိုပြီးများတဲ့အတွက်ကြောင့် မော်လမြိုင်မြို့နယ်မှာ ပိုပြီးတော့ ဖြစ်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူအများစုဟာ အသက် ၅ နှစ်က ၉  နှစ်အထိ မူလတန်းအရွယ် ကလေးတွေမှာဖြစ်ပွားကြပြီး၊ အသက် ၁ နှစ်က ၄ နှစ်အရွယ် ကလေးတွေက တော့ ဒုတိယအများဆုံးဖြစ်ပွားနေကြတာပါ။

မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ သွေးလွန်တုပ်ကွေးရောဂါကို နှိမ်နင်းနိုင်ဖို့အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေး နှိမ်နင်းရေး လုပ်ဆောင်တာတွေလည်း ရှိနေပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့မှ ဦးဘိုဘိုဝင်း က “ဆေးသွားဖြန်းပြီဆိုရင် ဖြစ်တဲ့ အိမ်ရယ်၊ ပတ်ဝန်းကျင်က ၂ အိမ်လောက်ကိုဖြန်းတယ်။ အဲဒီမှာ ဘေးပတ်ဝန်းကျင် အိမ်တွေက သူတို့အိမ်တွေကိုကျတော့ ဘာလို့မဖြန်းရတာလဲ၊ ငါတို့အိမ်လည်း ကလေးရှိတာဘဲ ဆိုပြီး စိတ်ဆိုးပြီး သွားဖြန်းတဲ့အခါ ပတ်ဝန်းကျင်နဲ့ ပြဿနာတွေကြုံတယ်။ လိပ်စာအမှားတွေ ကိစ္စလည်း တော်တော်လေးရင်ဆိုင်ရတာတွေ ရှိခဲ့ပါတယ်။”

သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံးဖြစ်ပွားနေတဲ့ ရောဂါအမျိုးအစားလည်း ဖြစ်ပြီး အထူးသဖြင့် မိုးတွင်းကာလတွေဆိုရင် ပိုမိုအဖြစ်များပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတော့ တစ်နှစ်တာကာလအတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၉၈ ယောက်ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်ကတော့ ၅၂၉၃ ယောက်ရောဂါဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013