DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် သက်သေခံလက်မှတ်လုပ်သည့် မြန်မာအလုပ်သမား များပြား
DVB
·
July 27, 2017
ထိုင်းတွင် သက်သေခံလက်မှတ်လုပ်သည့် မြန်မာအလုပ်သမား များပြား
1 / 5
Donate to DVB

ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို မြန်မာနိုင်ငံအစိုးရက သက်သေခံလက်မှတ် C.I (Certficate of Identity ) ကို စခန်းတွေဖွင့်လှစ် ပြုလုပ်ပေးနေရာမှာ အများအပြား လာရောက်လုပ်ကိုင်နေကြပါတယ်။

ထိုင်းနိုင်ငံ C.I ထုတ်ပေးရေးစခန်း (ရနောင်း) မှာ မြန်မာအလုပ်သမား အများအပြား လာရောက်ပြုလုပ်နေကြတာပါ။

C.I စာအုပ် ထုတ်ပေးရာမှာ မြန်မာအလုပ်သမားတွေ အချိန်ကြန့်ကြာမှု မရှိစေဖို့ CI ထုတ်ပေးရေးရုံးက တာဝန်ရှိသူတွေက ကိုယ်ရေးရာဇ၀င်ဖြည့်တာ၊ ဓာတ်ပုံရိုက်ကူးတာနဲ့ အခြားကိစ္စရပ်တွေအားလုံးကို ကွန်ပျူတာနည်းပညာ အသုံးပြုပြီး ကောင်တာ ၄ ခုဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ CI ထုတ်ပေးရေးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားရှိပေမယ့် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အထောက်အထား လုံးဝမရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက မိမိအလုပ်ရှင်ကိုယ်စားလှယ်နဲ့ လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။

CI ရှိပြီးသူတွေက ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (TR-38) ပါ နေထိုင်ခွင့် Visa နဲ့ အလုပ်လုပ်ကိုင်ခွင့် Work Pemit ရရှိရေး လုပ်ငန်းစဉ်တွေကို ၁၅ ရက်အတွင်း ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပြီး ထိုင်းနိုင်ငံတာဝန်ရှိ အဖွဲ့အစည်းတွေက တနေရာတည်းမှာ အပြီးအစီး ဆောင်ရွက်ပေးနေပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အတွင်းရှိ အနီးအနား မြို့တွေက လာရောက် လုပ်ဆောင်နေတဲ့ မြန်မာအလုပ်သမား အများအပြား ရှိတယ်လို့ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013