DVB Logo
Home
မြန်မာသတင်း
မင်းပြားနှင့်မြောက်ဦးအကြား ဗုံး ၃ လုံး တပြိုင်တည်းပေါက်ကွဲ၊ လုံခြုံရေးတင်းကျပ်
DVB
·
September 20, 2017
မင်းပြားနှင့်မြောက်ဦးအကြား ဗုံး ၃ လုံး တပြိုင်တည်းပေါက်ကွဲ၊ လုံခြုံရေးတင်းကျပ်
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နဲ့ မြောက်ဦးမြို့အကြား ကားလမ်းနားဘေးမှာ ဗုံးပေါက်ကွဲမှုတ ခုဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားတစီးနဲ့ ကုန်ကားတစီးအနည်းငယ်ပျက်စီးသွားပြီး အဲ့ဒီနေရာကို လုံခြုံရေးတင်းကျပ်စွာ ချထားလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက် ညနေ ၇ နာရီဝန်းကျင်က တန်းဆိပ်ကျေးရွာနဲ့ ဆက်ကျာကျေးရွာ ကြားမှာ တပြိုင်တည်းပေါက်ကွဲတာလို့ မင်းပြားမြို့နယ် နယ်ထိန်း ဦးညီညီက ဒီဗွီဘီကိုပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်တာက တန်းဆိပ်ဘင်္ဂလီရွာနဲ့ ဆက်ကျာဘင်္ဂလီရွာကြားမှာ ဗုံးပေါက်တာပါ။ မိုင်တိုင်ကြား ၉၆/၄ ပေါ့နော်။ တနေရာရာတည်းမှာ ဗုံးသုံးလုံးပေါက်တာပေါ့။ ဆွဲမိုင်းလား၊ ချိန်ကိုက်မိုင်းလားတော့ မသိဘူး။ ကျနော်တို့ ဆက်လက်စစ်ဆေးနေပါတယ်။ မလေးရှားပိတောက်ပင် သုံးပင်ခြေရင်းမှာပေါက်ကွဲတာ။ ရန်ကုန်ဘက်ကလာတဲ့ ကုန်တင်တစီးရယ်၊ ပြီးတော့ စစ်တွေဘက်ကလာတဲ့ ကစ္ဆပခရီးတင်ကားရယ် အဲ့ဒီနှစ်စီးလာတဲ့ အချိန်မှာ ချိန်ကိုက်ဗုံးသုံးလုံး တပြိုင်တည်းပေါက်ကွဲတာ။”

ဗုံးသုံးလုံးဆက်တိုက်တပြိုင်တည်းပေါက်ကွဲခဲ့နေရာကို လတ်တလော လုံခြုံရေးတွေ တင်းကျပ်စွာချထားပြီး ကစ္ဆပခရီးသည် သယ်ဆောင်လာတဲ့ကားနဲ့ ကုန်တင်ကလူတွေကတော့ ထိခိုက်ဒဏ်ရာရရတာတော့မရှိပါဘူး။

“ကစ္ဆခရီးသည်တင်တဲ့ကားတွေကတော့ နည်းနည်းပျက်စီးသွားတယ်။ ခရီးတွေကတော့ ဘာမှမဖြစ်ဘူး။ ကုန်တင်ကားကတော့ ရှေ့မှန်ပျက်စီးသွားတယ်။ လူတွေ ထိခိုက်ဒဏ်ရာရထား တာတော့ မရှိဘူး။ ခရီးသည် ကားကတော့ ရန်ကုန်ကို ဆက်မောင်းသွားပါတယ်။ ဘယ်က ဘယ်သူတွေက လုပ်တယ်ဆိုတာ ကျနော်တို့ မသိရသေးဘူး။ စုံစမ်းနေတုန်းရှိပါတယ်။ မသေချာ ဘဲနဲ့ပြောလိုက်ရင်မကောင်းဘူးလေ။ ကျနော်တို့အခင်းဖြစ်တဲ့ အဲ့ဒီနေရာကို လုံခြုံရေး ယူထား ပါတယ်။”လို့ နယ်ထိန်းဦးညီညီကပြောပါတယ်။

အခုလိုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးအနားက ဒေသခံတွေကတော့ ပြဿနာဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မြောင်းဘွေကျေးရွာနေ ဦးသာလှထွန်းကပြောပါတယ်။

“ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့။ ဘာတွေဖြစ်လာမှလဲ ဆိုတာကို စောင့်ကြည့်နေရတယ်။ ဟိုဖက်မှာလည်း ပြဿနာ ပေါင်းစုံတက်နေကြတာလေ။ ဒီဖက်ကို ကူးစက်လာမှာကို လည်း စိုးရိမ်နေကြတယ်။ နောက်ပြီး ဟိုဖက်ဒီဖက်ရွာတွေအားလုံးကလည်း ဘင်္ဂလီရွာတွေဖြစ်နေတာကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ သက်ဆိုင်ရာက လုံခြုံရေးတွေချပေးမယ်ဆိုရင် ကောင်းမယ်။”

မင်းပြားမြို့နယ်မှာ ၂၀၁၂ ခုနှစ်ပဋိပက္ခ ဖြစ်စဉ်ဖြစ်ပွားခဲ့ဘူးပြီး အခုမျိုးပေါက်ကွဲမှုကတော့ ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - မင်းထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013